သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်ဝန်ဖျက်ချမှု တားမြစ်ချက် အိုင်ယာလန် ပြည်သူအများ ဖျက်သိမ်းလို


ကိုယ်ဝန်ဖျက်ချမှုတားမြစ်ချက်ကို ဖျက်သိမ်းလိုတဲ့ အိုင်ယာလည်ပြည်သူတွေရဲ့ Yes လှုပ်ရှားမှု (မေ ၂၆၊၂၀၁၈)
ကိုယ်ဝန်ဖျက်ချမှုတားမြစ်ချက်ကို ဖျက်သိမ်းလိုတဲ့ အိုင်ယာလည်ပြည်သူတွေရဲ့ Yes လှုပ်ရှားမှု (မေ ၂၆၊၂၀၁၈)

အိုင်ယာလန်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချတာကို ကန့်သတ်ထားတဲ့ တင်းကျပ်လှတဲ့ဥပဒေကို ဖျက်သိမ်းရေး မဖျက်သိမ်းရေးကိစ္စ လူထုဆန္ဒ ခံယူပွဲမှာ ဖျက်သိမ်းရေးဖက်က ထောက်ခံသူ မဲဆန္ဒရှင်အရေအတွက် အပြတ်အသတ်နဲ့ အတည်ဖြစ်သွားပါတယ်။

လူထုဆန္ဒခံယူပွဲကို သောကြာနေ့ကလုပ်တာဖြစ်ပြီး ရလဒ်ကို စနေနေ့က ကြေညာတာပါ။ အခြေအနေအများစုအတွက် ကိုယ်ဝန် ဖျက်ချတာကို ပိတ်ပင်ထားတဲ့ အခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ချက်တရပ်ကို ဆက်ထားမလား၊ ဖျက်သိမ်းမလားဆိုတဲ့ မေးခွန်း အပေါ် မဲဆန္ဒရှင်တွေ မဲပေးကြတာပါ။

မဲပေးသူ ၆၆% ကျော်က ဖျက်သိမ်းဖို့အတွက် ထောက်ခံမဲပေးကြပြီး ၃၃% က ဆက်ထားဖို့ မဲပေးကြတယ်ဆိုတာ နောက်ဆုံး မဲရလဒ်တွေမှာ တွေ့ရပါတယ်။ ဖျက်သိမ်းဖို့ ထောက်ခံမဲပေးသူ ၁.၄ သန်းရှိပြီး ဆက်ထားဖို့ ထောက်ခံမဲပေးသူက ၇၂၄,၀၀၀ လောက်ရှိပါတယ်။

“လူထုက သဘောထား ပေးလိုက်ပါပြီ၊ ကျနော်တို့တွေ့လိုက်ရတာဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်အတွင်း အိုင်ယာလန်မှာ တိတ်တိတ်ဆိတ်ဆိတ်ဖြစ်နေတဲ့ တော်လှန်ရေးတခုရဲ့ အထွဋ်အထိပ်ပဲဖြစ်ပါတယ်” လို့ အိုင်ယာလန်ဝန်ကြီးချုပ် Leo Varadkar ကပြောပါတယ်။ အခု လူထုဆန္ဒခံယူပွဲရလဒ်ဟာ ကက်သလစ်ခရစ်ယာန်ဘာသာဝင် အများစုဖြစ်တဲ့ အိုင်ယာလန်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချခွင့် တောင်းဆိုတဲ့ အိုင်းရစ်ရှ်အမျိုးသမီးတွေရဲ့ သမိုင်းဝင်အောင်ပွဲတခုပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကိုယ်ဝန် ဖျက်ချတာကို ဆန့်ကျင်တဲ့ ထိပ်တန်းအဖွဲ့တဖွဲ့ကတော့ ဒီလူထုဆန္ဒခံယူပွဲဟာ “သမိုင်းနဲ့ချီတဲ့ ကြေကွဲစရာဖြစ်ရပ်ကြီး” ဖြစ်တယ် လို့ တရားဝင်ရလဒ်တွေ ထွက်မလာခင်မှာပဲ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG