သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Irene ဟာရီကိန်းမုန်တိုင်း အမေရိကန်အရှေခြမ်း ကုန်တွင်းဝင်ရောက်


Irene ဟာရီကိန်းမုန်တိုင်း အမေရိကန်အရှေခြမ်း ကုန်တွင်းဝင်ရောက်
Irene ဟာရီကိန်းမုန်တိုင်း အမေရိကန်အရှေခြမ်း ကုန်တွင်းဝင်ရောက်

အမေရိကန်နိုင်ငံမှာ ပြင်းထန်တဲ့ ဟာရီကိန်း အိုင်ရင်း (Irene) မုန်တိုင်းဟာ နိုင်ငံရဲ့အရှေ့ဘက်ကမ်း မြောက်ကာရိုလိုင်းနားပြည်နယ်ကို ဒေသခံစံတော်ချိန် စနေနေ့မနက်ပိုင်းမှာ စတင် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ မုန်တိုင်းဟာ တနာရီကို ၈၄ မိုင်နှုန်း ပြင်းထန်အားရှိပြီး မြေပြိုမှုတွေနဲ့ နိုင်ငံရဲ့အရှေ့ဘက်ခြမ်းမှာ မိုးကြီးမှုတွေ ဆက်ဖြစ်နေပါတယ်။ မုန်တိုင်းအခြေအနေတချို့ လျော့ကျလာခဲ့ပေမဲ့ မြောက်ကာရိုလိုင်းနားပြည်နယ်မှာ ရေကြီးမှုတွေ၊ သစ်ပင်လဲကျမှုတွေနဲ့ လျှပ်စစ်မီးပျက်တောက်မှု ဒဏ်တွေကို ကြုံတွေ့နေကြရပါပြီ။

ဒီပြည်နယ်အတွင်းက ထောင်နဲ့ချီတဲ့ အခြားလူတွေကိုလည်း ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ တချိန်တည်းမှာပဲ မုန်တိုင်းဟာ ဟာရီကိန်းအဖြစ် ဆက်တည်ရှိနေပြီး လူဦးရေထူထပ်တဲ့ ဝါရှင်တန်မြို့တော်တဝိုက်ကိုလည်း ဝင်လာဖို့ရှိတာမို့ မိုးလေဝသခန့်မှန်းသူတွေက သတိပေးမှုတွေ ပြုလုပ်နေပါတယ်။

လက်ရှိမှာတော့ ဝါရှင်တန်နဲ့ကပ်နေတဲ့ ဗာဂျီးနီးယားပြည်နယ်ဘက်ကို မုန်းတိုင်းက စတင်ဦးတည် လာနေပါတယ်။ ဒီပြည်နယ်အရှေ့ပိုင်းက လမ်းမကြီးတွေပေါ်မှာ ရေစကြီးနေတာ၊ လမ်းတွေပေါ် ဖြတ်ကူးလို့မရတော့ဘဲ ဒီလမ်းတွေကနေ ဝေးရာမှာနေကြဖို့ တာဝန်ရှိသူတွေက သတိပေးနေပါတယ်။

လေတိုက်နှုန်းပြင်းထန်လာမှုကြောင့် ချက်စပိ ပင်လယ်အော် တူးမြောင်းတံတားမှာလည်း ကားအသွားအလာတွေ နှေးသွားကြပါတယ်။ ဒီမုန်တိုင်းဟာ ဗာဂျီးနီးယားပြည်နယ်ထဲမှာဆိုရင် ကမ်းခြေဒေသတွေမှာ တနာရီကို ၇၅ မိုင်ကနေ ၈၀ မိုင်နှုန်းအထိ တိုက်ခတ်ဖို့ ခန့်မှန်းထားကြပြီး ကုန်းတွင်းမှာ ရစ်ချ်မွန် ဒေသတွေမှာတော့ ၃၅ မိုင်ကနေ ၄၅ မိုင်အထိ တိုက်ခတ်ထားမယ်လို့ ခန့်မှန်းထားကြပါတယ်။

XS
SM
MD
LG