သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်ရင်း ဟာရီကိန်းကြောင့် သေဆုံးသူ ၄ ယောက်ထက်မနည်း ရှိပြီ


မြောက်ကာရိုလိုင်းနားပြည်နယ်၊ Rodanthe အရပ်တွင် Irene ဟာရီကိန်း တိုက်ခတ်နေစဉ်။ သြဂုတ်၊ ၂၇၊ ၂၀၁၁။
မြောက်ကာရိုလိုင်းနားပြည်နယ်၊ Rodanthe အရပ်တွင် Irene ဟာရီကိန်း တိုက်ခတ်နေစဉ်။ သြဂုတ်၊ ၂၇၊ ၂၀၁၁။

အမေရိကန်ပြည်ထောင်စု၊ အရှေ့ဘက်ကမ်းရိုးတန်းဒေသကို ဝင်ရောက်တိုက်ခတ်နေတဲ့ Irene ဟာရီကိန်းမုန်တိုင်းဟာ လေကြီးမိုးကြီးနဲ့ ဆက်ပြီးတော့ ဖြတ်သန်း တိုက်ခတ်နေပါတယ်။ အစောပိုင်းတုန်းက Irene ဝင်တိုက်ခဲ့တဲ့နေရာတွေမှာ လူလေးယောက်ထက်မနည်း သေဆုံးပြီး တော့ ကုန်းလမ်းခရီး၊ လေကြောင်းခရီးတွေလည်း ရပ်သွားခဲ့ပါတယ်။

စနေနေ့အစောပိုင်းက မြောက်ကာရိုလိုင်းနားပြည်နယ်ကို Irene မုန်တိုင်း တနာရီလေတိုက်နှုန်း ၈၇ မိုင်နှုန်းလောက်နဲ့ ဝင်ခဲ့စဉ်က လမ်းတွေရေကြီး၊ သစ်ပင်တွေကျိုးကျခဲ့ပါတယ်။ လူနေအိမ်နဲ့ စီးပွားရေးလုပ်ငန်းပေါင်း တသန်းနီးပါးလောက်လည်း လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်နေပါ တယ်။

Irene မုန်တိုင်းကြောင့် မြောက်ကာရိုလိုင်းနားပြည်နယ်မှာ သုံးယောက်၊ ဗာဂျီးနီးယားပြည်နယ် မှာ တယောက်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မုန်တိုင်းပြင်းအားကို အခု အဆင့်အနိမ့်ဆုံး နံပါတ် ၁ ကို လျှော့ချခဲ့ပေမဲ့ တနာရီကို ၁၅ မိုင်နှုန်းလောက်နဲ့ Irene မုန်တိုင်း ဟာ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းကို ဆက်လက်ဖြတ်သန်းသွားလိမ့်မယ်လို့ မိုးလေဝသ ခန့်မှန်းသူတွေကပြောပါတယ်။

မုန်တိုင်းအားပျော့သွားပေမဲ့လည်း Irene ဟာရီကိန်းဟာ နယူးယောက်မြို့၊ ဝါရှင်တန်ဒီစီ ြမို့တော်၊ ဖီလာဒဲလ်ဖီးယားနဲ့ ဘော်စတွန်မြို့တွေလို လူနေထူထပ်တဲ့မြို့တွေကို ဖြတ်သန်းသွား လိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

ထိပ်တန်း အရေးပေါ်ကယ်ဆယ်ရေး တာဝန်ရှိသူတွေ မုန်တိုင်းဒဏ် အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းနေကြရာ ဌာနချုပ်ရှိရာကိုလည်း သမ္မတ ဘရာ့ခ် အိုဘားမား စနေနေ့အစောပိုင်းက သွား ရောက်ခဲ့ပါတယ်။ နောက်ထပ် ၇၂ နာရီအတွင်းမှာ အခြေအနေဟာ အထူးသတိထားစရာ ဖြစ်မယ်လို့ သမ္မတက အထူးသတိပေးပါတယ်။

မုန်တိုင်းရဲ့ဗဟိုကနေပြီးတော့ မိုင် ၉၀ ကျော်ပတ်လည်အထိ ဟာရီကိန်းမုန်တိုင်းရဲ့ လေပြင်း ဒဏ်ကို ခံရနိုင်တယ်လို့လည်း မိုးလေဝသ ခန့်မှန်းသူတွေက ပြောပါတယ်။ မုန်တိုင်းအဖျားနေရာ တွေမှာ လေဆင်နှာမောင်း ဖြစ်နိုင်တဲ့အန္တရာယ်လည်း ရှိတယ်လို့ သူတို့က ပြောပါတယ်။

ဗာဂျီးနီးယားပြည်နယ်မှာ အခြေစိုက် အမေရိကန်ရေတပ်၊ အမှတ် ၂ ရေတပ်မတော်က စစ်ရေယာဉ်တွေအားလုံးကိုလည်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက်မယ့်အန္တရာယ်ကို ရှောင်ရှားနိုင် ဖို့အတွက် ပင်လယ်ပြင်ကိုထွက်ပြီးတော့ ခုတ်မောင်းနေဖို့အတွက် ရေတပ်က အမိန့်ထုတ်ခဲ့ပါတယ်။

XS
SM
MD
LG