သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပည္တြင္း ေဒသတခ်ဳိ႕မွာ ႐ုပ္သံဖမ္း ၿဂိဳဟ္တုစေလာင္းေတြ ျဖဳတ္ခုိင္းေန


Ocean Satellite

{{Zawgyi/Unicode}}

စစ္အာဏာသိမ္းအုပ္ခ်ဳပ္ေနတဲ့ ျမန္မာႏိုင္ငံမွာ သတင္းစီးဆင္းမႈေတြကို ပိတ္ပင္ကန္႔သတ္ဖုိ႔ ႀကိဳးစားေနၿပီး ႐ုပ္သံသတင္းေတြကို ဖမ္းယူၾကည့္ႏုိင္တဲ့ ၿဂိဳလ္တုစေလာင္းေတြကို ဧရာဝတီတိုင္းနဲ႔ မြန္ျပည္နယ္ထဲက တခ်ဳိ႕ ၿမိဳ႕နယ္ေတြမွာ လိုက္ျဖဳတ္ခိုင္းတာ၊ သိမ္းတာေတြလုပ္ေနပါတယ္။ ရန္ကုန္ကလာတဲ့သတင္းကို မစုျမတ္မြန္က ေျပာျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ VOA၊ မဇိၥ်မ၊ DVB စတဲ့သတင္းဌာနေတြက ထုတ္လႊင့္ျပသတဲ့ သတင္းေတြကို ဖမ္းယူၾကည့္ႏိုင္တဲ့ PSI ၿဂိဳဟ္တုစေလာင္းေတြကို စစ္ေကာင္စီအာဏာပိုင္ေတြက တခ်ဳိ႕ေဒသေတြမွာ လိုက္လံ ျဖဳတ္သိမ္းေနပါတယ္။ ဧရာဝတီတိုင္း ေျမာင္းျမၿမိဳ႕နယ္ထဲက ရပ္ကြက္တခ်ဳိ႕မွာ PSI ၿဂိဳဟ္စေလာင္းေတြကို ျဖဳတ္ၿပီး အုပ္ခ်ဳပ္ေရးမွဴးေတြဆီ အပ္ႏွံေနရတယ္လို႔ ၿမိဳ႕ခံ ၁ ေယာက္က ဗီြအိုေအကို ေျပာျပပါတယ္။

“ဒီမနက္ေတာ့ ၿမိဳ႕ေပၚရပ္ကြက္တခ်ဳိ႕နဲ႔ ျမေဟမာရပ္ကြက္တို႔ ဘာတို႔မွာၿမိဳ႕နယ္ရဲတပ္ဖြဲ႕ကပဲ ဒါေတြကို သိမ္းဖို႔ ျပန္သိမ္းဖို႔လုပ္တာပါ့ေနာ္၊ ၿမိဳ႕နယ္တပ္ဖြဲ႕ကို သူညႊန္ၾကားခ်က္ဝင္တယ္ေပါ့ ညြန္ၾကားခ်က္ဝင္တဲ့ အတြက္ကိုၿမိဳ႕နယ္ရဲတပ္ဖြဲ႕ကေနၿပီးေတာ့ အဲ့အုပ္ခ်ဳပ္ေရးမွဴးေတြကို သူကတဆင့္ေပါ့ေနာ္ အုပ္ခ်ဳပ္ေရးမွဴးကတဆင့္ဒါေတြကို အပ္ႏွံၿပီး သူတို႔ကျပန္သိမ္းဆည္မယ္လို႔ က်ေနာ္တို႔သိရတယ္ဗ်၊ ရပ္ကြက္တခ်ဳိ႕လုပ္ၿပီးဗ်"

"အခုခ်ိန္ထိဆိုရင္ ၿမိဳ႕ေပၚရပ္ကြက္တခ်ဳိ႕နဲ႔ ျမေဟမာရပ္ကြက္ၿမိဳ႕ဝန္းက်င္ေတြဘာေတြ အဲ့မွာ ျဖဳတ္တာသိမ္းတာ အုပ္ခ်ဳပ္ေရးမွဴးဆီကို သြားပို႔တာအပ္တာတို႔ လုပ္တယ္ဗ်၊ PSI ကၿပီးေတာ့ DVB ရတယ္ဗ်၊ Mizzima ရတယ္၊ DVB ၊ Mizzima ကေန အဲ့ VOA တို႔ ေနာက္ၿပီးေတာ့ BBC တို႔ အဲ့လို Channel မ်ဳိးေတြ ၾကည့္လို႔ရတယ္၊ အဲ့ဒါေတြေၾကာင့္ ျဖစ္မယ္လို႔ထင္တာေပ့ါေနာ္။”

ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕ထဲက ရပ္ကြက္တခ်ဳိ႕မွာလည္း တရားဝင္ေၾကညာတာမ်ဳိး မ႐ွိဘဲ PSI စေလာင္းတပ္ထားတဲ့ အိမ္ေတြကို ျဖဳတ္ခိုင္းေနတယ္လို႔ ၿမိဳ႕ခံတစ္ဦးက ဗီြအိုေအကို ေျပာပါတယ္။

“တရားဝင္ေတာ့ မေျပာေသးဘူးေပါ့ေနာ္၊ ဒီအမွတ္(၇) ဖက္မွာေတာ့ ဘယ္လိုေျပာရမလဲသူ႔နီးစပ္ရာ အုပ္ခ်ဳပ္ေရးမွဴးနဲ႔ နီးတဲ့လူေတြကို သူတို႔ဆီမွာ မၾကာခင္ဒါမ်ဳိးျဖစ္လာေတာ့မယ္ေပ့ါ၊ ရွိရင္္ႀကိဳျဖဳတ္ထားဆိုတဲ့ အဲ့လိုသတင္းေပးခ်က္ေတြေတာ့ ရလိုက္တယ္၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြက ေျပာတာခင္ဗ်ာ အပြင့္အလင္းေျပာရရင္ေတာ့ သူတို႔နဲ႔ ေဆြမ်ဳိးနီးစပ္ေတြအဲ့လိုမ်ဳိးသူတို႔ သိတဲ့ လူေတြ အိမ္ေတြမွာ အဲ့လိုမ်ဳိးရွိရင္ လိုက္ၿပီးေတာ့ ျဖဳတ္ခိုင္းဆိုတဲ့ ဟာမ်ဳိးေပါ့ေနာ္ ႀကိဳၿပီးေတာ့အသိေပးထားတာေပါ့၊ ဟို… မင္းတို႔ ႀကိဳျဖဳတ္ရင္ ျဖဳတ္ ေနာက္မဟုတ္ရင္ သူတို႔လာျဖဳတ္လိုက္မယ္ဆိုတဲ့ စကားမ်ဳိးေပါ့ခင္ဗ်ာ၊ ဟုတ္။”

အလားတူ မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္တြင္း အေရာင္းဆိုင္ေတြမွာလည္း PSI စေလာင္းေတြကို လိုက္လံသိမ္းဆည္းေနၿပီး ဆက္မေရာင္းဖို႔ သတိေပးထားတယ္လို႔ေပါင္ၿမိဳ႕နယ္က ကိုယ္တိုင္သတိေပးခံရတဲ့ လွ်ပ္စစ္ပစၥည္းအေရာင္းဆိုင္ရွင္ တဦးက ဗီြအိုေအကို ေျပာပါတယ္။

“PSI ေတြ အခု ဘယ္ႏွစ္လံုးရွိလဲ တစ္လံုးရွိတယ္ တစ္လံုးရွိတဲ့ဟာကိုသူတို႔ယူသြားမွာေပ့ါေနာ္ ၿပီးေတာ့ ဆက္မေရာင္းဖို႔ေပါ့ ဒီဟာတရားမဝင္ဘူး ဒါပဲေျပာသြားတယ္ ၿပီးေတာ့ သူတို႔သြားလုိက္တယ္၊ က်ေနာ္တုိ႔ ေပါင္ရဲစခန္းနဲ႔ ကဒါအုပ္ခ်ဳပ္ေရးမွဴး၊ စည္ပင္ေတြ ပါတယ္ခင္ဗ်။အိမ္ေတြမွာေတာ့ က်ေနာ္တို႔ေတာ့ တိတိက်က်ေတာ့ မၾကားေသးဘူးေပ့ါဗ်ာ ဒါေပမယ့္ အသံေတာ့ ထြက္ေနတယ္ အိမ္မွာ ရွိတဲ့ ဟာေတြ ျဖဳတ္သိမ္းေပးဖို႔ မၾကည့္ဖို႔ေပ့ါဗ်ာ။”

ျမန္မာႏိုင္ငံက အင္တာနက္ မ႐ွိတဲ့ေနရာေတြမွာ သတင္းေတြသိရဖုိ႔ ဒီ PSI စေလာင္းေတြကို သံုးၿပီး မဇိၥ်မ၊ DVB သတင္းလိုင္းေတြကို ဖမ္းယူၾကည့္ၾကသူေတြ မ်ားပါတယ္။ နယ္ဖက္ေတြမွာဆုိ ပိုၿပီး PSI စေလာင္းကို အားကိုးၾကည့္ၾကတယ္လို႔ ဆိုင္ရွင္က ေျပာျပပါတယ္။

“DVB နဲ႔ Mizzima ေတြလာတယ္ဗ် က်န္တဲ့ လိုင္းေတြ။ အမ်ားႀကီးၾကည့္လို႔ရတယ္ေလး ယိုးဒယားလိုင္းေတြ ထိုင္းလိုင္းတို႔။ က်ေနာ္တို႔ အခု MRTV 4 ၊ Channel 7 ၊ ျမန္မာ့အသံအကုန္လာပါတယ္ ျမဝတီ။ ဒီက က်ေနာ္တို႔ လူေနမႈအဆင့္အတန္းနည္းနည္းနိမ့္တဲ့ အိမ္ေတြက်ေတာ့ ဘယ္လိုေျပာမလဲ Sky Net မတပ္ႏိုင္တာက်ေတာ့ ဒါေတြက ရာခိုင္းႏႈန္းမ်ားတယ္ေပ့ါဗ်ာ ဒီမွာၾကည့္တာ အိမ္တိုင္လိုလိုရွိတယ္ခင္ဗ်။”

မြန္ျပည္နယ္ က်ဳိက္ထိုၿမိဳ႕နယ္၊ က်ဳိက္မေရာၿမိဳ႕နယ္ေတြမွာလည္း ခုလို PSI ၿဂိဳလ္တုစေလာင္းေတြကို လိုက္ျဖဳတ္သိမ္းခိုင္းတာေတြ႐ွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ တခ်ဳိ႕ေနရာေတြမွာဆို အာဏာပိုင္ေတြက မျဖဳတ္ခိုင္းေပမဲ့ စိုးရိမ္ၾကတဲ့ ျပည္သူေတြက ႀကိဳၿပီး ျဖဳတ္ထားၾကတာေတြလည္း ႐ွိပါတယ္။

ေခ်ာင္းဆံုၿမိဳ႕နယ္က ေက်းရြာတခ်ဳိ႔မွာဆုိရင္ စစ္ေကာင္စီက လာေရာက္ျဖဳတ္သိမ္းခိုင္းတာမလုပ္ေသးေပမယ့္ ရပ္ကြက္ေနျပည္သူေတြက စိုးရိမ္တာေၾကာင့္ ျဖဳတ္သိမ္းေနၾကတာေတြရွိတယ္လို႔ၿမိဳ႕ခံက ဗီအိုေအကို ေျပာျပပါတယ္။

စစ္အာဏာသိမ္းခဲ့ၿပီးေနာက္ အင္တာနက္ဆက္သြယ္မႈေတြကို ျဖတ္ေတာက္ထားခ်ိန္ ျပည္သူေတြအတြက္ သတင္းအခ်က္အလက္ေတြ ရယူဖို႔ ပိုၿပီးခက္ခဲလာေနၾကခ်ိန္မွာ လြတ္လပ္တဲ့သတင္းဌာနေတြက ထုတ္လႊင့္ေနတဲ့ သတင္းေတြကို ဖမ္းယူ နားဆင္ ၾကည့္ႏုိင္တဲ့ ၿဂိဳလ္တုစေလာင္းေတြကို ခုလို ျဖဳတ္သိမ္းဖို႔ အာဏာပိုင္ေတြ ဖိအားေပးေနတာျဖစ္ပါတယ္႐ွင္။

..............................................

{{Unicode}}

စစ်အာဏာသိမ်းအုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ သတင်းစီးဆင်းမှုတွေကို ပိတ်ပင်ကန့်သတ်ဖို့ ကြိုးစားနေပြီး ရုပ်သံသတင်းတွေကို ဖမ်းယူကြည့်နိုင်တဲ့ ဂြိုလ်တုစလောင်းတွေကို ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်ထဲက တချို့ မြို့နယ်တွေမှာ လိုက်ဖြုတ်ခိုင်းတာ၊ သိမ်းတာတွေလုပ်နေပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က ပြောပြထားပါတယ်။

မြန်မာနိုင်ငံမှာ VOA၊ မဇ္ဈိမ၊ DVB စတဲ့သတင်းဌာနတွေက ထုတ်လွှင့်ပြသတဲ့ သတင်းတွေကို ဖမ်းယူကြည့်နိုင်တဲ့ PSI ဂြိုဟ်တုစလောင်းတွေကို စစ်ကောင်စီအာဏာပိုင်တွေက တချို့ဒေသတွေမှာ လိုက်လံ ဖြုတ်သိမ်းနေပါတယ်။ ဧရာဝတီတိုင်း မြောင်းမြမြို့နယ်ထဲက ရပ်ကွက်တချို့မှာ PSI ဂြိုဟ်စလောင်းတွေကို ဖြုတ်ပြီး အုပ်ချုပ်ရေးမှူးတွေဆီ အပ်နှံနေရတယ်လို့ မြို့ခံ ၁ ယောက်က ဗွီအိုအေကို ပြောပြပါတယ်။

“ဒီမနက်တော့ မြို့ပေါ်ရပ်ကွက်တချို့နဲ့ မြဟေမာရပ်ကွက်တို့ ဘာတို့မှာမြို့နယ်ရဲတပ်ဖွဲ့ကပဲ ဒါတွေကို သိမ်းဖို့ ပြန်သိမ်းဖို့လုပ်တာပါ့နော်၊ မြို့နယ်တပ်ဖွဲ့ကို သူညွှန်ကြားချက်ဝင်တယ်ပေါ့ ညွန်ကြားချက်ဝင်တဲ့ အတွက်ကိုမြို့နယ်ရဲတပ်ဖွဲ့ကနေပြီးတော့ အဲ့အုပ်ချုပ်ရေးမှူးတွေကို သူကတဆင့်ပေါ့နော် အုပ်ချုပ်ရေးမှူးကတဆင့်ဒါတွေကို အပ်နှံပြီး သူတို့ကပြန်သိမ်းဆည်မယ်လို့ ကျနော်တို့သိရတယ်ဗျ၊ ရပ်ကွက်တချို့လုပ်ပြီးဗျ"

"အခုချိန်ထိဆိုရင် မြို့ပေါ်ရပ်ကွက်တချို့နဲ့ မြဟေမာရပ်ကွက်မြို့ဝန်းကျင်တွေဘာတွေ အဲ့မှာ ဖြုတ်တာသိမ်းတာ အုပ်ချုပ်ရေးမှူးဆီကို သွားပို့တာအပ်တာတို့ လုပ်တယ်ဗျ၊ PSI ကပြီးတော့ DVB ရတယ်ဗျ၊ Mizzima ရတယ်၊ DVB ၊ Mizzima ကနေ အဲ့ VOA တို့ နောက်ပြီးတော့ BBC တို့ အဲ့လို Channel မျိုးတွေ ကြည့်လို့ရတယ်၊ အဲ့ဒါတွေကြောင့် ဖြစ်မယ်လို့ထင်တာပေ့ါနော်။”

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ထဲက ရပ်ကွက်တချို့မှာလည်း တရားဝင်ကြေညာတာမျိုး မရှိဘဲ PSI စလောင်းတပ်ထားတဲ့ အိမ်တွေကို ဖြုတ်ခိုင်းနေတယ်လို့ မြို့ခံတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“တရားဝင်တော့ မပြောသေးဘူးပေါ့နော်၊ ဒီအမှတ်(၇) ဖက်မှာတော့ ဘယ်လိုပြောရမလဲသူ့နီးစပ်ရာ အုပ်ချုပ်ရေးမှူးနဲ့ နီးတဲ့လူတွေကို သူတို့ဆီမှာ မကြာခင်ဒါမျိုးဖြစ်လာတော့မယ်ပေ့ါ၊ ရှိရင်ကြိုဖြုတ်ထားဆိုတဲ့ အဲ့လိုသတင်းပေးချက်တွေတော့ ရလိုက်တယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပြောတာခင်ဗျာ အပွင့်အလင်းပြောရရင်တော့ သူတို့နဲ့ ဆွေမျိုးနီးစပ်တွေအဲ့လိုမျိုးသူတို့ သိတဲ့ လူတွေ အိမ်တွေမှာ အဲ့လိုမျိုးရှိရင် လိုက်ပြီးတော့ ဖြုတ်ခိုင်းဆိုတဲ့ ဟာမျိုးပေါ့နော် ကြိုပြီးတော့အသိပေးထားတာပေါ့၊ ဟို… မင်းတို့ ကြိုဖြုတ်ရင် ဖြုတ် နောက်မဟုတ်ရင် သူတို့လာဖြုတ်လိုက်မယ်ဆိုတဲ့ စကားမျိုးပေါ့ခင်ဗျာ၊ ဟုတ်။”

အလားတူ မွန်ပြည်နယ် ပေါင်မြို့နယ်တွင်း အရောင်းဆိုင်တွေမှာလည်း PSI စလောင်းတွေကို လိုက်လံသိမ်းဆည်းနေပြီး ဆက်မရောင်းဖို့ သတိပေးထားတယ်လို့ပေါင်မြို့နယ်က ကိုယ်တိုင်သတိပေးခံရတဲ့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ရှင် တဦးက ဗွီအိုအေကို ပြောပါတယ်။

“PSI တွေ အခု ဘယ်နှစ်လုံးရှိလဲ တစ်လုံးရှိတယ် တစ်လုံးရှိတဲ့ဟာကိုသူတို့ယူသွားမှာပေ့ါနော် ပြီးတော့ ဆက်မရောင်းဖို့ပေါ့ ဒီဟာတရားမဝင်ဘူး ဒါပဲပြောသွားတယ် ပြီးတော့ သူတို့သွားလိုက်တယ်၊ ကျနော်တို့ ပေါင်ရဲစခန်းနဲ့ ကဒါအုပ်ချုပ်ရေးမှူး၊ စည်ပင်တွေ ပါတယ်ခင်ဗျ။အိမ်တွေမှာတော့ ကျနော်တို့တော့ တိတိကျကျတော့ မကြားသေးဘူးပေ့ါဗျာ ဒါပေမယ့် အသံတော့ ထွက်နေတယ် အိမ်မှာ ရှိတဲ့ ဟာတွေ ဖြုတ်သိမ်းပေးဖို့ မကြည့်ဖို့ပေ့ါဗျာ။”

မြန်မာနိုင်ငံက အင်တာနက် မရှိတဲ့နေရာတွေမှာ သတင်းတွေသိရဖို့ ဒီ PSI စလောင်းတွေကို သုံးပြီး မဇ္ဈိမ၊ DVB သတင်းလိုင်းတွေကို ဖမ်းယူကြည့်ကြသူတွေ များပါတယ်။ နယ်ဖက်တွေမှာဆို ပိုပြီး PSI စလောင်းကို အားကိုးကြည့်ကြတယ်လို့ ဆိုင်ရှင်က ပြောပြပါတယ်။

“DVB နဲ့ Mizzima တွေလာတယ်ဗျ ကျန်တဲ့ လိုင်းတွေ။ အများကြီးကြည့်လို့ရတယ်လေး ယိုးဒယားလိုင်းတွေ ထိုင်းလိုင်းတို့။ ကျနော်တို့ အခု MRTV 4 ၊ Channel 7 ၊ မြန်မာ့အသံအကုန်လာပါတယ် မြဝတီ။ ဒီက ကျနော်တို့ လူနေမှုအဆင့်အတန်းနည်းနည်းနိမ့်တဲ့ အိမ်တွေကျတော့ ဘယ်လိုပြောမလဲ Sky Net မတပ်နိုင်တာကျတော့ ဒါတွေက ရာခိုင်းနှုန်းများတယ်ပေ့ါဗျာ ဒီမှာကြည့်တာ အိမ်တိုင်လိုလိုရှိတယ်ခင်ဗျ။”

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ ကျိုက်မရောမြို့နယ်တွေမှာလည်း ခုလို PSI ဂြိုလ်တုစလောင်းတွေကို လိုက်ဖြုတ်သိမ်းခိုင်းတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တချို့နေရာတွေမှာဆို အာဏာပိုင်တွေက မဖြုတ်ခိုင်းပေမဲ့ စိုးရိမ်ကြတဲ့ ပြည်သူတွေက ကြိုပြီး ဖြုတ်ထားကြတာတွေလည်း ရှိပါတယ်။

ချောင်းဆုံမြို့နယ်က ကျေးရွာတချို့မှာဆိုရင် စစ်ကောင်စီက လာရောက်ဖြုတ်သိမ်းခိုင်းတာမလုပ်သေးပေမယ့် ရပ်ကွက်နေပြည်သူတွေက စိုးရိမ်တာကြောင့် ဖြုတ်သိမ်းနေကြတာတွေရှိတယ်လို့မြို့ခံက ဗီအိုအေကို ပြောပြပါတယ်။

စစ်အာဏာသိမ်းခဲ့ပြီးနောက် အင်တာနက်ဆက်သွယ်မှုတွေကို ဖြတ်တောက်ထားချိန် ပြည်သူတွေအတွက် သတင်းအချက်အလက်တွေ ရယူဖို့ ပိုပြီးခက်ခဲလာနေကြချိန်မှာ လွတ်လပ်တဲ့သတင်းဌာနတွေက ထုတ်လွှင့်နေတဲ့ သတင်းတွေကို ဖမ်းယူ နားဆင် ကြည့်နိုင်တဲ့ ဂြိုလ်တုစလောင်းတွေကို ခုလို ဖြုတ်သိမ်းဖို့ အာဏာပိုင်တွေ ဖိအားပေးနေတာဖြစ်ပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG