သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ဖမ်းထားတဲ့ Assyrian ခရစ်ယာန်တွေ ပြန်လွှတ်ဖို့ ကန်တောင်းဆို


ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက တိုက်ပွဲတွေအတွင်း အစ္စလာမ်စစ်သွေးကြွ IS အဖွဲ့က ပြန်ပေးဆွဲဖမ်းဆီးသွားတဲ့ Assyrian ခရစ်ယာန် ဘာသာဝင် ၉၀ ကျော်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရ Jen Psaki က တိုက်ခိုက်မှုတွေကို ရှုတ်ချလိုက်ပြီး စစ်သွေးကြွတွေအနေနဲ့ သူတို့ဖမ်းထားတဲ့ အရပ်သားတွေအားလုံးကို လွှတ်ပေးရမယ်လို့ တောင်းဆိုတာပါ။ ဒါ့အပြင် ဆီးရီးယားအစိုးရတပ်က အကြမ်းဖက်တိုက်ခိုက် တာတွေ ဆက်လုပ်နေတာကိုလည်း ပြောခွင့်ရ Jen Psaki က အလေးထားပြောသွားပါတယ်။

သုံးနှစ်နီးပါးကြာနေပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်အတွက် နိုင်ငံရေးအရ အဖြေတခုရှာဖို့ အမေရိကန်ပြည်ထောင်စုက အခိုင်အမာဆက်ရှိဆဲပဲလို့ သူက ပြောပါတယ်။ ဒီပြည်တွင်းစစ်ကြောင့် လူ နှစ်သိန်းကျော် သေဆုံးရပြီးပါပြီ။

Hassakeh အရပ်က Khabur ဒေသမှာ တနင်္လာနေ့ တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက် ဒေသခံအများအပြားကို IS စစ်သွေးကြွတွေက ပြန်ပေးဆွဲသွားတယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။

YPG လို့သိကြတဲ့ ကားဒစ်ရှ် လူထုကာကွယ်ရေးတပ်ဖွဲ့နဲ့ Assyrian တွေ ပူးတွဲပြီး IS စစ်သွေးကြွတွေရဲ့ထိုးစစ်ကို ခုခံတိုက်ခိုက်တဲ့ တိုက်ပွဲတွေအတွင်း တပ်ဖွဲ့ဝင် အများအပြား သေဆုံးသွားတယ်လို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ Syriac စစ်ကောင်စီက ပြောပါတယ်။

XS
SM
MD
LG