သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှုကွန်ယက်ပေါ် IS အဖွဲ့ သတင်း ထုတ်ပြန်မှု လျော့ကျ


IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့၊
IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့၊

လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့က လူမှုကွန်ယက်တွေပေါ်မှာ ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေ သိသိသာသာ လျော့ကျလာတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိတဦးက ပြောပါတယ်။

အခုလို အရှိန်လျော့ကျလာတာဟာ ကမ္ဘာတလွှား လူမှုကွန်ယက်တွေပေါ် IS အဖွဲ့ရဲ့ သတင်းအချက်အလက်တွေကို တန်ပြန် ထုတ်ပြန်မှုတွေက တဖြည်းဖြည်းနဲ့ အသာစီး ရလာနေတဲ့ အတွက် ဖြစ်နိုင်တယ်လို့ သူထင်ကြောင်း နိုင်ငံခြားရေးဌာန လူမှု ဆက်ဆံရေးနဲ့ ပြည်သူ့ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Richard Stengel က အဲဒီလို ပြောကြားလိုက်တာပါ။

IS အဖွဲ့ဟာ လူမှုကွန်ယက်တွေကို ထိရောက်စွာ အသုံးပြုနိုင်တဲ့ အဖွဲ့ဖြစ်ပါတယ်။ IS အဖွဲ့က လူမှုကွန်ယက်တွေကတဆင့် ထုတ်ပြန်တဲ့ ခေါင်းဖြတ်သတ်ဖြတ်မှုတွေ၊ မီးရှို့ သတ်ဖြတ်မှုတွေကို အများစုက သတိထားမိကြပေမယ့် IS အဖွဲ့ကို ထောက်ခံတဲ့ ဝါဒဖြန့်ချိရေး လုပ်ငန်းတွေနဲ့ အစ္စလာမ်ကျမ်းစာကို ဘာသာ ပြန်ဆို ထုတ်လွှင့်မှုတွေ ကိုတော့ အများစုက သိပ်သတိထားမိကြမှာ မဟုတ်ပါဘူး။

အခုချိန်ထိတော့ အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေအနေနဲ့ IS အဖွဲ့နဲ့ယှဉ်ပြီး သတင်းအချက်အလက်တွေကို ထုန်ပြန်နိုင်ခြင်း မရှိသေးပါဘူး။

လူမှုကွန်ယက်တွေပေါ်မှာ IS အဖွဲ့ကို ဆန့်ကျင်တဲ့ သတင်းအချက်အလက်တွေ ထုတ်ပြန်မှု အရှိန်ရလာနေတယ်ဆိုတဲ့အပေါ်လွှတ်တော်အမတ်တချို့က လက်မခံတာဟာ အာရပ်ဘာသာစကားနဲ့ IS ဆန့်ကျင်ရေး သတင်း အချက်အလက်တွေ လူမှုကွန်ယက်အပေါ်မှာ ဘယ်လောက် ပြန့်နှံ့နေတယ်ဆိုတာ သူတို့ မသိကြသေးလို့ ပြောနေတာဖြစ်တယ်လို့ Stengel က ပြောပါတယ်။

XS
SM
MD
LG