သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီပေါက်ကွဲမှု IS တာဝန်ယူလုပ်ဆောင်ကြောင်း ကြေညာ


Ansbach မြို့မှာ ဆီးရီးယားဖောက်ခွဲရေးသမား နေခဲ့တဲ့ ဟိုတယ်ကို ရဲတွေ ဝင်ရောက်ရှာဖွေအပြီး တွေ့ရစဉ်။
Ansbach မြို့မှာ ဆီးရီးယားဖောက်ခွဲရေးသမား နေခဲ့တဲ့ ဟိုတယ်ကို ရဲတွေ ဝင်ရောက်ရှာဖွေအပြီး တွေ့ရစဉ်။

ဂျာမနီနိုင်ငံ၊ Bavaria ပြည်နယ်၊ Ansbach မြို့မှာ လူ ၁၅ ဦး ထိခိုက်ဒဏ်ရာသွားခဲ့တဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သူ အသက် ၂၇ နှစ်အရွယ် ဆီးရီး ရွေ့ပြောင်းဒုက္ခသည်ဟာ IS အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ရဲ့ ရဲဘော်တဦးဖြစ်တယ်လို့ IS ထုတ်ပြန်တဲ့ Amaq သတင်း အေဂျင်စီမှာ ဖော်ပြထားပါတယ်။

IS အဖွဲ့ကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ညွန့်ပေါင်းတပ်ဖွဲ့ဝင် နိုင်ငံတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ IS အဖွဲ့ရဲ့ တောင်းဆိုချက်အရ အဲဒီလူက တိုက်ခိုက်ခဲ့ဖြစ်တယ်ဆိုတာကို အတွင်းလူရဲ့ ပြောပြချက်အရ သိရှိရကြောင်း Amaq သတင်းမှာ ဖော်ပြထားပါတယ်။

အသေခံ တိုက်ခိုက်ခဲ့သူက သူဟာ IS အဖွဲ့ခေါင်းဆောင် Abu Bakr al-Baghadadi ကို သစ္စာခံထားသူဖြစ်ကြောင်း လက်ကိုင်ဖုန်းနဲ့ ဗွီဒီယို မှတ်တမ်းတင်ထားခဲ့တယ်လို့ Bavaria ထိပ်တန်း လုံခြုံရေးအရာရှိ Jaochhim Hermann က သတင်းထောက်တွေကို တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ ဗုံးလုပ်တဲ့ ဓါတ်ဆီနဲ့ ဓါတုပစ္စည်းတွေလည်း သူ့ရဲ့အိမ်မှာ တွေ့ရတယ်လို့ Jaochhim Hermann က ပြောပါတယ်။

ပို့ဆောင်ရေးနဲ့ ခရီးသွားလာရေးဆိုင်ရာ အဓိက နေရာတွေမှာ လုံခြုံရေးတွေ တိုးမြင့် ချထားဖို့ အမိန့်ထုတ်ထားတယ်လို့လည်း ဂျာမန် ပြည်ထဲရေးဝန်ကြီး Thomas de Maiziere က ပြောပါတယ်။

အသေခံ တိုက်ခိုက်ခဲ့တဲ့သူဟာ အရင်ကလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ၂ ကြိမ် ကြိုးပမ်းခဲ့ဘူးတဲ့အတွက် စိတ်ရောဂါဆိုင်ရာ ကုသမှု ခံယူနေသူဖြစ်တယ်လို့ ဂျာမန် အရာရှိတွေက ပြောပါတယ်။

ဂျာမနီပေါက်ကွဲမှု IS တာဝန်ယူလုပ်ဆောင်ကြောင်း ကြေညာ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG