သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်တဦးကို ခေါင်းဖြတ် သတ်ကြောင်း IS ကြေညာ


Abdul-Rahman (Peter) Kassig
Abdul-Rahman (Peter) Kassig

IS စစ်သွေးကြွအဖွဲ့ဟာ သူတို့ဖမ်းဆီးထားတဲ့ အမေရိကန် အကူအညီပေးရေးဝန်ထမ်း Abdul-Rahman Kassig ကို ခေါင်းဖြတ်သတ်လိုက်ပြီဆိုပြီး တနင်္ဂနွေနေ့က အင်တာနက်ပေါ်တင်တဲ့ သူတို့ရဲ့ ဗွီဒီယိုဖိုင်တခုမှာ ပြောထားပါတယ်။ သူတို့ထုတ်ပြန်တဲ့ ဒီ ဗွီဒီယိုဖိုင်ဟာ အမှန်ဟုတ်မဟုတ်ကို ဖြစ်နိုင်သမျှ အမြန်ဆုံးသိနိုင်ဖို့ အမေရိကန်ထောက်လှမ်းရေးအဝန်းအဝိုင်းက စုံစမ်း ဆောင်ရွက်နေတယ်လို့ အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ အမျိုးသမီး Bernadette Meehan က ပြောပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီးဖြစ်တဲ့ Abdul-Rahman Kassig ဟာ အမေရိကန်စစ်သားဟောင်း တဦးဖြစ်ပြီးတော့ ဆီးရီးယားနိုင်ငံတွင်း လူသားချင်းစာနာ ကူညီမှုလုပ်ငန်းတွေမှာ လုပ်ကိုင်ဆောင်ရွက်နေစဉ် လွန်ခဲ့တဲ့ ၁၃ လလောက်က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ ဖမ်းဆီးခံနေရစဉ်မှာ အစ္စလာမ် ဘာသာကူးပြောင်းခဲ့ပြီး သူ့မူလအမည် ရှေ့အမည် Peter ကိုလည်းပြောင်း Abdul-Rahman အဖြစ် ပြောင်းခဲ့တယ်လို့ သူ့မိသားစုက ပြောပါတယ်။

မိခင်ဖြစ်သူ Paula Kassig က NBC ရုပ်သံဌာနကို ပြောခဲ့ရာမှာတော့ သူနဲ့သူခင်ပွန်းဖြစ်သူတို့ဟာ ပြီးခဲ့တဲ့ ရက်သီတင်းပတ်အနည်းငယ်တုန်းက သူတို့သားဆီက အသံဖိုင်တခု လက်ခံရတယ်လို့ ပြောပါတယ်။ အဲဒီမှာတော့ သူ့ရဲ့နောက်ဆုံးအချိန်ရောက်နေပြီဆိုပြီး စိုးရိမ်ထိတ်လန့်မှု ဖြစ်နေတဲ့အကြောင်း ပြောထားတယ်လို့ ဆိုပါတယ်။ IS စစ်သွေးကြွတွေရဲ့ ဗွီဒီယိုဖိုင်တွေအရ အရင် ခေါင်းဖြတ်သတ်ခံရသူသုံးဦးကတော့ အမေရိကန်သတင်းထောက် James Foley နဲ့ Steven Sotloff ၊ ဗြိတိန် အကူအညီပေးရေးလုပ်သား David Haines တို့ဖြစ်ကြပါတယ်။

XS
SM
MD
LG