သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်မြောက်ပိုင်းမှာ IS တွေ တန်ပြန်ထိုးစစ်ဆင်


အီရတ်နိုင်ငံ မြောက်ပိုင်းက ရေနံထုတ်လုပ်ရာ Kirkuk မြို့ကို IS စစ်သွေးကြွတွေက သောကြာနေ့မှာ ထိုးစစ်ဆင်။ (အောက်တိုဘာ ၂၁၊ ၂၀၁၆)
အီရတ်နိုင်ငံ မြောက်ပိုင်းက ရေနံထုတ်လုပ်ရာ Kirkuk မြို့ကို IS စစ်သွေးကြွတွေက သောကြာနေ့မှာ ထိုးစစ်ဆင်။ (အောက်တိုဘာ ၂၁၊ ၂၀၁၆)

အီရတ်နိုင်ငံ မြောက်ပိုင်းက ရေနံထုတ်လုပ်ရာ Kirkuk မြို့ကို IS စစ်သွေးကြွတွေက သောကြာနေ့မှာ ထိုးစစ်ဆင်ခဲ့တဲ့အတွက် အီရတ်နဲ့ ကာဒစ်ရှ် ပတ်ရှ်မာဂါ တပ်ဖွဲ့တွေ ပြန်လည်သိမ်းပိုက်ဖို့ ကြိုးပမ်းနေတဲ့ ဒုတိယအကြီးဆုံး မိုဆူးမြို့ကနေ တပ်တွေနဲ့ တခြားအရင်းအမြစ်တွေကို ခေါ်ယူနေရ ပါတယ်။

အီရတ်နိုင်ငံမြောက်ပိုင်းက Dibis မြို့မှာ အီရန်နိုင်ငံက ဆောက်လုပ်နေတဲ့ လုပ်ငန်းခွင်တခုကို သောကြာနေ့က အသေခံတိုက်ခိုက်ခဲ့ရာမှာလည်း အီရန်နိုင်ငံသား ၄ ဦးအပါအဝင် လူ ၁၄ ဦးထက် မနည်း သေဆုံး ခဲ့ပါတယ်။ သောကြာနေ့ အစောပိုင်းမှာပဲ Kirkuk မြို့က ရဲစခန်းဝင်း တခုမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း အီရတ်ရဲတပ်ဖွဲ့ဝင် ၆ ဦးနဲ့ IS စစ်သွေးကြွအဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့ပေမဲ့ - လက်နက်ကိုင်စစ်သွေးကြွတွေဟာ အရပ်သားနေအိမ်တွေထဲ ဝင်ရောက်ပြီး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံ သတင်းတွေမှာ ဖော်ပြနေကြ တာပါ။

Kirkuk မြို့က တိုက်ခိုက်မှုကို IS အစွန်းရောက်အဖွဲ့ရဲ့ လျှို့ဝှက်အဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ စစ်သွေးကြွတွေ ထိန်းချုပ်ထားတဲ့ မိုဆူးမြို့မှာ အစိုးရတပ်ဖွဲ့ဝင်တွေ ထိုးစစ်ဆင်နေတာကို အာရုံပြောင်းနိုင်အောင် ကြိုးပမ်းတာ ဖြစ်တယ်လို့လည်း ကာဒစ်ရှ်တပ်မှူးတဦးက ဗွီအိုအေ ကာဒစ်ရှ်ဌာနကို ပြောဆိုခဲ့ပါတယ်။ တိုက်ခိုက်သူတွေဟာ မြို့ထဲက ဟိုတယ်တခုကို သိမ်းပိုက်ထားပြီး၊ ကာဒစ်ရှ်လုံခြုံရေးတပ်ဖွဲ့တွေနဲ့ နာရီပေါင်းများစွာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ တိုက်ပွဲအတွင်း လူ အနည်းဆုံး ၂၅ ယောက်လည်း ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG