သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်သမားနဲ့ ဓားစာခံ လဲလှယ်ရေး သတ်မှတ်ချိန်ကျော်လွန်


 စစ်သွေးကြွတွေ ဖမ်းဆီးထားတာ ခံနေရတဲ့ ဂျော်ဒန်နိုင်ငံက လေတပ် တိုက်လေယာဉ်မှူး အရေး တောင်းဆို။
စစ်သွေးကြွတွေ ဖမ်းဆီးထားတာ ခံနေရတဲ့ ဂျော်ဒန်နိုင်ငံက လေတပ် တိုက်လေယာဉ်မှူး အရေး တောင်းဆို။

IS အစ္စလာမ်မစ် စစ်သွေးကြွတွေက ဖမ်းဆီးထားတဲ့ ဓားစာခံအရေးကိစ္စနဲ့ ပတ်သက်ပြီး နောက်ဆုံး သတ်မှတ်ထားတဲ့ အချိန်ဟာ ကျော်လွန်သွားပြီ ဖြစ် ပါတယ်။ ဂျော်ဒန်နိုင်ငံကတော့ စစ်သွေးကြွတွေ ဖမ်းဆီးထားတာ ခံနေရတဲ့ လေတပ် တိုက်လေယာဉ်မှူး အသက်ရှင်လျက် ရှိနေတယ် ဆိုတဲ့ အထောက်အထား သက်သေပြဖို့ တောင်းဆိုနေပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဂျပန်သတင်းထောက်ရဲ့ အသံလို့ ယူဆရတဲ့ အသံနဲ့ ထုတ်တဲ့ အကြောင်းကြားချက်ထဲမှာတော့ ၂၀၀၅ ခုနှစ်က Amman မြို့မှာ လူတွေသေဆုံးခဲ့ရတဲ့ ဗုံးဖောက်ခွဲ တိုက်ခိုက်ရာမှာ ပါဝင်မှုကြောင့် အကြမ်းဖက်သမားအဖြစ် ဂျော်ဒန်နိုင်ငံက ဖမ်းဆီးထားပြီး သေဒဏ်ချမှတ်ခံထားရသူ Sajida al-Rishawi ဆိုတဲ့ အမျိုးသမီးကို ကြာသပတေးနေ့ နေဝင်ချိန် နောက်ဆုံး ထားပြီး ပြန်လွှတ်မပေးရင် ဂျော်ဒန်စစ်တပ်က လေယာဉ်မှူး Mu'ath al-Kasaesbeh ကို ချက်ခြင်းသတ်ပစ်မှာ ဖြစ်တဲ့အကြောင်း ပြောဆိုထားတာပါ။

ဂျော်ဒန်နိုင်ငံကတော့ လေယာဉ်မှူး Mu'ath al-Kasaesbeh အသက်ရှင်လျှက် ရှိသေးတယ် ဆိုတဲ့ အထောက်အထား ပြသနိုင်ရင် al-Rishawi ကို ပြန်လွှတ်ပေးဖို့ စဉ်းစားမှာ ဖြစ်တယ်လို့ ကြာသပတေးနေ့မှာ ပြောဆိုထားပါတယ်။
စစ်သွေးကြွတွေက သတ်မှတ်ထားတဲ့ အချိန်ကျော်လွန်သွားပြီး မကြာခင်မှာပဲ ဂျော်ဒန်လေယာဉ်မှူးရဲ့ ဖခင်က သူ့ရဲ့သားဖြစ်သူကို ပြန်လွှတ်ပေးဖို့ အသနားခံခဲ့ပါတယ်။

ဂျပန်သတင်းထောက် Kenji Goto ရဲ့ အသံနဲ့ ထုတ်တဲ့ အကြောင်းကြားချက်ထဲမှာ al-Rishawi အပြန်အလှန်လဲလှယ်တဲ့အနေနဲ့ ဘယ်ဖမ်းဆီးထားသူကိုမှ လွှတ်ပေးမယ်ဆိုတဲ့ ကတိပေးမထားပါဘူး။

XS
SM
MD
LG