သုံးရလွယ်ကူစေသည့် Link များ

IS အစွန်းရောက် ဆွဲဆောင်မှုဟန့်တားဖို့ အင်ဒိုနီးရှားရုန်းကန်


IS အစ္စလာမ်အစွန်းရောက် စစ်သွေးကြွအဖွဲ့နဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေ သွားရောက် ပူးပေါင်းတာတွေကို ဟန့်တားတဲ့ ကြိုးပမ်းမှုကို အင်ဒိုနီးရှားအစိုးရက ဆက်လက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

BNPT ခေါ် အကြမ်းဖက်မှု ထိန်းချုပ်ရေး အမျိုးသားဌာန တာဝန်ခံ Wawan Purrwanto က အင်ဒိုနီးရှားနိုင်ငံသားပေါင်း ၃၀၀ လောက်ဟာ အဲဒီအစွန်းရောက်အဖွဲ့ကို သွားရောက် ပူးပေါင်းခဲ့ပြီး သေဆုံးသူ ၆၀ ရှိတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

အသက်အရွယ်အားဖြင့် ၁၇ နှစ်ကနေ ၂၅ နှစ်ထိရှိပြီး အင်ဒိုနီးရှားရဲ့ ဒေသအမျုးိမျိုးက လာကြတာဖြစ်တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားမှာ အစွန်းရောက်တွေလို့ သတ်မှတ်ခြင်းခံခဲ့ရတဲ့ IS ထောက်ခံသူတွေက သူတို့ကို ဆွဲဆောင်ခဲ့ကြတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဆီးရီးယားကို ထွက်ခွာခဲ့ကြတဲ့ အင်ဒိုနီးရှား အစွန်းရောက်တွေအနေနဲ့ နေထိုင်စရိတ်နဲ့ သွားလာစရိတ် ဒေါ်လာ ၁၅၀၀ ရတယ်လို့လည်း Mr. Wawan က ပြောပါတယ်။ အဲဒီအင်ဒိုနီးရှား IS အစွန်းရောက်တွေအနေနဲ့ အာဖဂန်နဲ့ ဖိလစ်ပိုင်တို့မှာ တိုက်ခိုက်ရေး အတွေ့အကြုံရှိတဲ့ အစွန်းရောက်အုပ်စုရဲ့ သင်တန်းပေးမှုကို ရယူခဲ့ကြတယ်လို့ Mr. Wawan က ပြောပါတယ်။

ကျောင်းနေတဲ့စရိတ်အတွက် မိသားစုတွေထံက အကူအညီမရတဲ့ ဒီအင်ဒိုနီးရှား အစွန်းရောက်တွေဟာ IS အဖွဲ့နဲ့ သွားရောက် ပူးပေါင်းနေတာကို အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ဟန့်တားနိုင်ဖို့ ခက်ခဲတယ်လို့ သူက ပြောပါတယ်။

XS
SM
MD
LG