သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညွန့်ပေါင်းတပ်ဖွဲ့နှိမ်နင်းမှု IS စစ်သွေးကြွ တစ်သောင်းကျော်သေဆုံး


အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေအတွင်း IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ပစ်မှတ်တွေကို တညတည်းအတွင်းမှာ ၂၂ ကြိမ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက်၊ တနှစ်တောင် မပြည့်သေးတဲ့ စစ်ဆင်ရေးကာလအတွင်း IS စစ်သွေးကြွ တစ်သောင်းကျော်ကို သတ်ဖြတ်ပစ်နိုင်ခဲ့တယ်လို့ အမေရိကန် ထိပ်တန်း သံတမန်တဦးက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ IS တွေအပေါ် ကျင့်သုံးမယ့် မဟာဗျူဟာနဲ့ ပတ်သက်ပြီး အီရတ်ဝန်ကြီးချုပ် Haider al-Abadi အပါအဝင် မိတ်ဆွေနိုင်ငံတွေက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပွဲပြုလုပ်အပြီး နောက်တနေ့မှာ အမေရိကန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြင်သစ် Inter Radio ကို အခုလိုပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောခွင့်ရသူ Josh Earnest ကလည်း စစ်သွေးကြွတွေ အနေနဲ့ သူတို့ရဲ့ အင်အားကို ထပ်ဖြည့်နိုင်ဖို့ နိုင်ငံတကာမှာ လူတွေကို လိုက်လံစည်းရုံးနေတယ်လို့ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG