သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS အတွက် လူစုဆောင်းသူ အရှေ့တောင်အာရှသား အကြမ်းဖက်သမား ၃ ဦး


ှုှIS စစ်သွေးကြွအုပ်စုက သူတို့အလံကို ဝှေ့ယမ်းပြီး လှည့်လည်နေကြစဉ်။
ှုှIS စစ်သွေးကြွအုပ်စုက သူတို့အလံကို ဝှေ့ယမ်းပြီး လှည့်လည်နေကြစဉ်။

အရှေ့တောင်အာရှဒေသက လူပုဂ္ဂိုလ်သုံးဦးကို IS အကြမ်းဖက်ဝါဒီအဇွဲ့ထဲဝင်ဖို့ လူစုဆောင်းပေးတယ်ဆိုပြီး အကြမ်းဖက်ဝါဒီတွေ အဖြစ် အမေရိကန်ပြည်ထောင်စုက သောကြာနေ့မှာ သတ်မှတ်လိုက်ပါတယ်။

မလေးရှားနိုင်ငံသား Mohamad Rafi Udin ၊ အင်ဒိုနီးရှားနိုင်ငံသား Mohammed Karim Yusop Faiz နဲ့ ဖိလစ်ပိုင်နိုင်ငံသား Mohammad Reza Lahaman Kiram တို့ကို အကြမ်းဖက်ဝါဒီတွေအဖြစ် သတ်မှတ်လိုက်တဲ့အကြောင်း အမေရိကန် ဘဏ္ဍာရေး ဌာနရဲ့ သောကြာနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၁၆ ခုနှစ်၊ ဇွန်လကထုတ်တဲ့ IS ဝါဒဖြန့်ချိရေးဗွီဒီယိုထဲမှာ IS အဖွဲ့ ကဖမ်းထားတဲ့ အကျဉ်းသားသုံးဦးကို ဒီလူသုံးယောက်က ခေါင်းဖြတ်သတ်နေတာကို ရိုက်ယူထားတာပါပါတယ်။

အကြမ်းဖက်ဝါဒနဲ့ ဘဏ္ဍာငွေကြေးပိုင်း စုံစမ်းထောက်လှမ်းရေးဆိုင်ရာ ဘဏ္ဍာရေးဌာန အငယ်တန်းဝန်ကြီး Sigal Mandelker က “စစ်သွေးကြွ အကြမ်းဖက်ဝါဒီအဖွဲ့ထဲဝင်ရောက်ရေး အရှေ့တောင်အာရှဒေသက အစွန်းရောက်သူတွေကို စည်းရုံးဖို့ရည်ရွယ်ချက် နဲ့ ဝါဒဖြန့်လုပ်ငန်း တစိတ်တပိုင်းအဖြစ် ခေါင်းဖြတ်သတ်ပြတဲ့ဗွီဒီယိုနဲ့ တခြား ဆိုးသွမ်းရက်စက်တဲ့ လုပ်ရပ်တွေမှာ ပါဝင်ပတ်သက် သူ ISIS အဖွဲ့အတွက် လူစုဆောင်းပေးသူတွေကို ဘဏ္ဍာရေးဌာနက ပစ်မှတ်ထား လုပ်ဆောင်တာဖြစ်တယ်” လို့ပြောပါတယ်။

မလေးရှားနိုင်ငံသား Udin ဟာ တက္ကဆီယာဉ်မောင်းတဦးဖြစ်ပြီး ၁၉၉၈ ခုနှစ်က IS အဖွဲ့ထဲ ဝင်သွား တာပါ။ အင်ဒိုနီးရှားနိုင်ငံသား Faiz ဟာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ လက်နက်တွေ တရားမဝင် ပိုင်ဆိုင်မှုနဲ့ ဖိလစ်ပိုင်မှာ ထောင်ကိုးနှစ် ချခံရဖူးပါတယ။် သူက ၂၀၁၄ ခုနှစ်မှာ IS အဖွဲ့ထဲ ဝင်သွားသူ ပါ။ ဖိလစ်ပိုင်နိုင်ငံသား Kiram ကတော့ ဖိလစ်ပိုင်နိုင်ငံ Zamboanga မြို့မှာ ၂၀၁၂ ခုနှစ်က ဘတ်စ်ကားတစင်းကို ဗုံးဖောက်ခွဲသူလို့ စွပ်စွဲပြီး ဖိလစ်ပိုင်ရဲတပ်ဖွဲ့က အလိုရှိနေသူဖြစ်ပါတယ်။

IS အတွက် လူစုဆောင်းသူ အရှေ့တောင်အာရှသား အကြမ်းဖက်သမား ၃ ဦး
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG