သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ခေါင်းဆောင် ဒဏ်ရာရတဲ့ သတင်းထွက်


လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသွားတယ်လို့ သတင်းထွက်နေတဲ့ IS ခေါင်းဆောင် Abu Bakr al-Baghdadi
လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသွားတယ်လို့ သတင်းထွက်နေတဲ့ IS ခေါင်းဆောင် Abu Bakr al-Baghdadi

IS စစ်သွေးကြွအဖွဲ့ခေါင်းဆောင် Abu Bakr al-Baghdadi ဟာ လေကြောင်း ထိုးစစ်တခုကြောင့် ဒဏ်ရာရသွားတဲ့အကြောင်း အီရတ်အစိုးရ တာဝန်ရှိသူတွေက ပြောဆိုခဲ့ပေမဲ့ အမေရိကန် စစ်ဌာနချုပ်ကတော့ အတည်မပြုပါဘူး။

အီရတ်နိုင်ငံမြောက်ပိုင်းက Mosul မြို့မှာ သောကြာနေ့တုန်းက အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း IS ခေါင်းဆောင် ဒဏ်ရာရခဲ့တဲ့အကြောင်း အတည်ပြုချက်ကိုတော့ အီရတ်ကာကွယ်ရေး ဝန်ကြီး Khalid al-Ubaydi က သူရဲ့ Facebook စာမျက်နှာမှာ ဖော်ပြခဲ့တာပါ။ အီရတ်ပြည်ထဲရေး ဝန်ကြီး ဌာနကလည်း AP သတင်းဌာနကို အတည်ပြုခဲ့သလို တခြားသတင်း တော်တော်များများမှာတော့ IS ခေါင်းဆောင် Baghdadi ရဲ့ အနီးကပ် လူယုံ တွေထဲကတဦးလည်း သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံက အဆင့်မြင့် စစ်အရာရှိတဦးကတော့ သတင်းတွေမှန်ခဲ့ရင်တောင်မှ စစ်သွေးကြွတွေအနေနဲ့ ဦးဆောင်မယ့်သူကို အစားထိုးနိုင်တဲ့ အခြေအနေမှာရှိတယ်လို့ သတိပေးပြောဆိုခဲ့တာပါ။ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားကတော့ လေကြောင်း စစ်ဆင်ရေးတွေဟာ စစ်သွေးကြွတွေ အင်အားချိနည့်အောင်၊ ရှေ့ကို ထပ်တက်မလာနိုင်အောင် ထိရောက်မှုတွေ ရှိခဲ့တဲ့အကြောင်း အမေရိကန် ရုပ်မြင်သံကြားဌာန CBS ရဲ့ Face the Nation အစီအစဉ်မှာ တနင်္ဂနွေနေ့ကပဲ ပြောဆိုခဲ့ပါတယ်။

အီရတ်စစ်တပ်ကို လေ့ကျင့်ကူညီဖို့အတွက် နောက်ထပ် အမေရိကန် စစ်သား ၁၅၀၀ စေလွှတ်မယ့် သူ့အစီအစဉ်ဟာ IS စစ်သွေးကြွတွေအပေါ် စစ်ဆင်ရေးမှာ နောက်ထပ်ခြေလှမ်းသစ် တခုဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG