သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Syria က နောက်ဆုံးခြေကုတ်စခန်းတွေ IS တို့ လက်လွှတ်ရပြီ


ှုှုIS တို့ ခြေကုတ်ယူထားတဲ့ ဆီးရီးယားက စခန်းတွေ။
ှုှုIS တို့ ခြေကုတ်ယူထားတဲ့ ဆီးရီးယားက စခန်းတွေ။

အီရတ်-ဆီးရီးယား နယ်စပ်တလျှောက်မှာ IS အစွန်းရောက်တွေ ထိန်းချုပ်ထားတဲ့ထဲက နောက်ဆုံးကျန်နေသေးတဲ့ အဓိက မြို့ကြီးနှစ်မြို့ကနေ IS အဖွဲ့ကို သောကြာနေ့က တိုက်ထုတ်လိုက်ပါပြီ။ ယူဖရေးတီးစ်မြစ်ဝှမ်းနားက နယ်စပ်တဘက်တချက် နေရာတွေကို တပ်ဖွဲ့တွေက တိုက်ခိုက်ပြီး ရှင်းထုတ်လိုက်တာပါ။

ဆီးရီးယားနိုင်ငံ၊ Deir Ezzor မြို့နဲ့ အီရတ်နိုင်ငံ၊ Al-Qaim မြို့တွေမှာ တပြိုင်နက်ထဲ ဝင်တိုက်လိုက်တဲ့အတွက် IS အဖွဲ့ရဲ့ မြို့ပြ အခိုင်အမာနေရာတွေ လက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။ ဒါကြောင့် IS တို့ ထိန်းချုပ်ထားနိုင်တာဆိုလို့ နယ်စပ်တလျှောက် ပြန့်ကျဲ နေတဲ့ နယ်မြေကျဉ်းကျဉ်းလေးတွေပဲ ရှိပါတော့တယ်။

Deir Ezzor မှာ IS အဖွဲ့ရဲ့ခေါင်းဆောင်တွေ ရုံးထိုင်တဲ့ ဌာနချုပ်ကို လက်လွှတ်လိုက်ရတာကြောင့် အကြမ်းဖက်ဝါဒစွဲ လုပ်ရပ် တွေကို ညွှန်ကြားနိုင်စွမ်း ထိခိုက်သွားပြီလို့ ဆီးရီးယားစစ်တပ်က ကြေညာပါတယ်။

အီရတ်ဘက်ခြမ်းမှာတော့ Al-Qaim မြို့နားက နယ်စပ်ဖြတ်ဂိတ်ကို အီရတ်တပ်ဖွဲ့တွေက ထိန်းချုပ်လိုက်အပြီး နာရီပိုင်းအတွင်း မှာပဲ မြို့ကို ပြန်သိမ်းလိုက်တာပါ။ Al-Qaim မြို့ကို စံချိန်တင် အချိန်တိုအတွင်း ပြန်သိမ်းခဲ့တဲ့ တပ်ဖွဲ့တွေရဲ့လုပ်ဆောင်ချက်ကို အီရတ်ဝန်ကြီးချုပ် Haider Abadi က ချီးကျူးပြောဆိုပါတယ်။

Al-Qaim မြို့ ပတ်ပတ်လည် ဒေသတွေမှာ IS အစွန်းရောက် ၁၅၀၀ လောက် ကျန်နေသေးတယ်လို့ အမေရိကန်စစ်ဘက်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG