သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်မှာ IS တိုက်ခိုက်မှု ပိုများလာ


ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတိုးမြှင့်။
ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတိုးမြှင့်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက်ကာမြို့တော်မှာ ဒီသီတင်းပါတ်ထဲ မော်တော်ဆိုင်ကယ်နဲ့ လာပြီး ဓါးနဲ့ ခုတ်သူတွေကြောင့် ရဲစစ်ဆေးရေးဂိတ်မှာ ရဲအရာရှိတဦး သေဆုံးခဲ့ရ သလို နောက်အရာရှိတဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

လာရောက်တိုက်ခိုက်တဲ့ အဖွဲ့က သူတို့ဟာ အိုင်အက်စ် အစ္စလာမ် စစ်သွေးကြွ အဖွဲ့က ဖြစ်ကြောင်း တိုက်ခိုက်အပြီး နာရီပိုင်းအတွင်းမှာပဲ သူတို့ရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာမှာ ရေးသားခဲ့ကြတာပါ။ ဒါဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အိုင်အက်စ် စစ်သွေးကြွအဖွဲ့က တိုက်ခိုက်တယ်လို့ ကြေညာခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု အများအပြားတွေထဲက နောက်ဆုံး ဖြစ်ရပ်ပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစ္စလာမ်အစွန်းရောက်တွေရဲ့ လှုပ်ရှားမှုတွေ တိုးလာနေတယ် လို့ ထောက်လှမ်းရေး သုံးသပ်သူတွေက ပြောနေချိန်မှာပဲ အစွန်းရောက်တွေရဲ့ အာရှဒေသ ကွန်ယက်ကို ဒက်ကာမြို့တော်မှာ ဖြန့်ကျက်ဖို့ ကြိုးစားတဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို လူသစ်စုဆောင်းတာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ တိုက်ခိုက်မှုတွေလုပ်ပြီး အသုံးချလာမှာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း စိုးရိမ်နေကြတာပါ။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက အစပိုင်းမှာ အိုင်အက်စ် စစ်သွေးကြွတွေ ပါဝင်တယ် ဆိုတာကို လက်မခံခဲ့ပေမယ့် အခုတော့ စစ်သွေးကြွအဖွဲ့ရဲ့ ခြိမ်းခြောက်မှုတွေ ဟာ တကယ်ရှိနေတယ် ဆိုတာကိုလက်ခံလာပြီဖြစ်ပါတယ်။

XS
SM
MD
LG