အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေ အတွင်းမှာရှိတဲ့ လူနည်းစု ဘာသာဝင်တွေရဲ့ အကျိုးဆောင်တွေက သူတို့ရဲ့ သမိုင်းဝင် အမွေအနှစ်တွေနဲ့ ဘိုးဘွားအဆက်ဆက် ပိုင်ဆိုင်ခဲ့တဲ့ အိမ်ယာတွေကို IS စစ်သွေးကြွတွေရဲ့ တိုက်ခိုက်ဖျက်ဆီးမှုကနေ အကာအကွယ်ပေးဖို့ အမေရိကန် ပြည်ထောင်စုကို ပန်ကြားလိုက်ပါတယ်။
ရိုမန်ကက်သလစ် ဘာသာဝင် ဒိုမီနီကန် သီလရင် Diana Momeka က သူမကို သူမနေထိုင်ရာ အီရတ်နိုင်ငံရဲ့ ဒုတိယ မြို့တော်ဖြစ်တဲ့ Mosul မှာ နေထိုင်လို့ မရအောင် IS စစ်သွေးကြွတွေက မောင်းထုတ်ခဲ့ကြတယ်လို့ အမေရိကန် အောက်လွှတ်တော် စုံစမ်းရေး ကော်မရှင်ကို ပြီးခဲ့နှစ်အတွင်း ပြောပါတယ်။
အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ သီလရင်က သူမနဲ့ တခြားလူထု တသိန်း နှစ်သောင်းကို အသက်မသေချင်ရင် ရွေးချယ်မှု ၃ မျိုးလုပ်ခိုင်းကြောင်း၊ အစ္စလာမ်ဘာသာကို ဝင်မလား၊ ပြစ်ဒဏ်ပေးဆောင်မလား၊ ဒါမှမဟုတ် အဲဒီမြို့ကနေ ထွက်သွားမလား စတာတွေ ဖြစ်တယ်လို့ ပြောပါတယ်။
သူမအပါဝင် ပြည်သူတွေဟာ အီရတ်နိုင်ငံက Kurdistan တွေရှိတဲ့ ဒေသကို ထွက်ပြေးခဲ့ရကြောင်း၊ Kurd က ဝင်ရောက်နေထိုင်ခွင့်ပြုပေမဲ့ အကူအညီ နည်းနည်းပါးပါးတောင် မပေးနိုင်ပဲ လမ်းပေါ်မှာ နေထိုင်နေကြရကြောင်းပြောပါတယ်။ စစ်သွေးကြွသူပုန်တွေဟာ သူတို့ရဲ့ နေအိမ်တွေ ဘာသာရေး သမိုင်းဝင် ပစ္စည်းတွေကို ဖျက်ဆီး နေကြပါတယ်လို့ သီလရင်က ပြောပါတယ်။