သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS အပြတ်ချေမှုန်းရေး အိုဘားမား ဦးစားပေးလုပ်ဆောင်မည်


IS အဖွဲ့ကို ချေမှုန်းဖို့ဟာ သူ့ရဲ့ ထိပ်တန်း ဦးစားပေး တာဝန်ဖြစ်တယ်လို့ သမ္မတ ဘရက်ခ် အိုဘားမားက ပြောလိုက်ပါတယ်။

ဘယ်လ်ဂျီယမ်နိုင်ငံမှာ လူပေါင်း ၃၁ ဦး သေဆုံးစေခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို IS အဖွဲ့က ပြုလုပ်ခဲ့တာလို့ ကြေညာအပြီး နောက်တရက်မှာ သမ္မတက အခုလို ပြောလိုက်တာပါ။

ဒီတိုက်ခိုက်မှုအတွက် ကျူးလွန်သူတွေကို တရားစီရင်နိုင်ဖို့အတွက် ဘယ်လို အကူအညီမျိုးကိုမဆို ဘယ်လ်ဂျီယမ်နိုင်ငံက ကျနော်တို့ရဲ့ မိတ်ဆွေနဲ့ မဟာမိတ်တွေကို ပေးအပ်သွားဖို့ သန္ဓိဌာန်ချထားတယ်လို့ အာဂျင်တီးနားနိုင်ငံမှာ ရောက်နေတဲ့ မစ္စတာ အိုဘားမား က ပြောလိုက်ပါတယ်။

ဒါဟာ လူမျိုး၊ ဘာသာယုံကြည်မှုနဲ့ နိုင်ငံသားဖြစ်မှုတွေ ဘယ်လိုပင် ကွဲပြားစေပါစေ အကြမ်းဖက်မှုကို တိုက်ဖျက်ဖို့အတွက် တကမ္ဘာလုံး စုစည်းညီညွတ်ပြီး ကျနော်တို့အားလုံး အတူတကွ ဆောင်ရွက်ဖို့ လိုတယ်ဆိုတာ သတိပေးသံ တခုပဲ ဖြစ်ပါတယ်။ ကျနော့်ရဲ့ ထိပ်တန်း ဦးစားပေးတာဝန်ကတော့ IS အဖွဲ့ကို ချေမှုန်းပြီး၊ ကမ္ဘာတဝှမ်းမှာ ဖြစ်ပွားနေတဲ့ အရိုင်းအစိုင်း ဆန်ဆန် အကြမ်းဖက် တိုက်ခိုက်မှုတွေကို အမြစ်ပြတ်ရှင်းလင်းသွားဖို့ပဲ ဖြစ်ပါတယ်လို့ မစ္စတာ အိုဘားမားက ပြောသွားပါတယ်။

IS အဖွဲ့ကို တိုက်ခိုက်တဲ့ ညွန့်ပေါင်းအဖွဲ့မှာ ဘယ်လ်ဂျီယမ်နိုင်ငံ ပါဝင်ခဲ့တဲ့အတွက် လက်စားချေတဲ့အနေနဲ့ အင်္ဂါနေ့က ဘရတ်ဆဲလ်မြို့လေဆိပ်နဲ့ မြေအောက်ရထားဘူတာမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေကို သူတို့ ပြုလုပ်ခဲ့တာလို့ အကြမ်းဖက်အဖွဲ့က ကြေညာထားပါတယ်။

XS
SM
MD
LG