သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်နိုင်ငံသား ၃ ဦး အီရတ်မှာ သေဒဏ် အပြစ်ပေးခံရ 


IS စစ်သွေးကြွအုပ်စုမှာ ပါဝင်သူများလို့ စွတ်စွဲခံရသူများ
IS စစ်သွေးကြွအုပ်စုမှာ ပါဝင်သူများလို့ စွတ်စွဲခံရသူများ

IS စစ်သွေးကြွအုပ်စုထဲ ဝင်ရောက်ခဲ့တဲ့ပြစ်မှု ထင်ရှားတယ်ဆိုပြီး ပြင်သစ်နိုင်ငံသား ၃ဦးကို တနင်္ဂနွေနေ့က အီရတ်နိုင်ငံ တရားရုံးတခုမှာ သေဒဏ်ချမှတ် လိုက်ပါတယ်။ အဲဒီ ၃ ဦးကတော့ Kevin Gonot, Leonard Lopez နဲ့ Salim Machou တို့ဖြစ်ကြပြီး သူတို့ဟာ အီရတ်နိုင်ငံမှာ ပထမဆုံး သေဒဏ်ပေးခံရတဲ့ ပြင်သစ်နိုင်ငံသားတွေပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲ ဆီးရီးယားနိုင်ငံမှာ IS တို့ထိမ်းချုပ်ထားတဲ့ နောက်ဆုံးလက်ကျန် နယ်မြေကို စွန့်လွှတ်လိုက်ရပြီးနောက် အမေရိကန်ကြောထောက်နောက်ခံ ပေးထားတဲ့ SDF ဆီးရီးယားတပ်ကနေ နိုင်ငံခြားသား အများအပြားပါဝင်တဲ့ လူ ရာနဲ့ချီ ဖမ်းဆီးခဲ့ပြီး အဲဒီလူတွေ အမှုကို ခပ်သွက်သွက် ကြားနာစစ်ဆေးနေတာပါ။

ဖမ်းမိသူတွေကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလထဲ အီရတ်ကို လွှဲပြောင်းပေးခဲ့ပြီး ချုပ်နှောင်ထားပါတယ်။ SDF တပ်က ဖမ်းခဲ့တဲ့အထဲမှာ အခုသေဒဏ်ပေးလိုက်သူ ၃ဦးအပါဝင် ပြင်သစ်နိုင်ငံသား ၁၂ ဦးရှိပါတယ်။ အခုလို သေဒဏ်ချမှတ်ခံရပေမဲ့ သူတို့အနေနဲ့ အယူခံ ဝင်ပိုင်ခွင့်ရှိသေးတာပါ။ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းကလည်း IS တပ်ဖွဲ့ဝင် ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြင်သစ် အမျိုးသား တဦးနဲ့ ဂျာမန်အမျိုးသမီးတဦးတို့ကို အီရတ်မှာ ထောင်ဒဏ်တသက် ချမှတ်ခဲ့ပါတယ်။

အီရတ်နိုင်ငံရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး အခုလို တရားစီရင်မှုအပေါ် HRW လူ့အခွင့်အရေးအဖွဲ့က ရှုံ့ချလိုက်ပြီး၊ အီရတ်တရားရုံးဟာ လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ သက်သေတွေနဲ့ ရိုက်နှက်စစ်ဆေး ဝန်ခံချက်တွေပေါ် မူတည်ပြီး အမိန့်ချနေခြင်းသာ ဖြစ်တယ်လို့ ပြောဆို လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG