သုံးရလွယ်ကူစေသည့် Link များ

IS အသေခံတိုက်ခိုက်မှု အာဖဂန်မှာ ၃၃ ဦးထက်မနည်းသေဆုံး


အာဖဂန်နစ္စတန်သမ္မတ Ashraf Ghani
အာဖဂန်နစ္စတန်သမ္မတ Ashraf Ghani

အာဖဂန်နစ္စတတန်နိုင်ငံအရှေ့ပိုင်းမှာ ဒီနေ့ လူပေါင်း ၃၃ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုဟာ သူတို့ လက်ချက်လို့ IS စစ်သွေးကြွတွေက ဆိုခဲ့ကြောင်း အာဖဂန်သမ္မတ Ashraf Ghani က ပြောလိုက်ပါတယ်။

Jalalabad မြို့မှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုမှာ ၁၀၀ ကျော်လည်း ဒဏ်ရာရသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ IS စစ်သွေးကြွတွေက အမှတ်ယူပြီးပြောနေတဲ့ တိုက်ခိုက်မှုဟာ ကြောက်မက်ဖွယ်ဖြစ်တယ်လို့ သမ္မတ Ghani က ပြောကြားခဲ့ပါတယ်။ ဒီဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်လို့ တာလီဘန်တွေက သူတို့လက်ချက်မဟုတ်ဘူးလို့ အစောပိုင်းက ငြင်းဆန်ခဲ့ပြီး ဆိုးဝါးတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

အစိုးရဝန်ထမ်းတွေ လစာထုတ်ဖို့ စုဝေးနေကြတဲ့ ဘဏ်တခုရဲ့ အပြင်ဘက်မှာ အသေခံဗုံးခွဲမှု ဖြစ်ခဲ့တာပါ၊ လူအများအပြားရှိနေတဲ့နေရာမှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်နိုင်တယ်လို့ အာဖဂန်ဆိုင်ရာ ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့ UNAMA က ဝေဖန်ပြစ်တင်ခဲ့ပါတယ်ရှင်။

XS
SM
MD
LG