သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS အနွယ် တိုက်ခိုက်ရေးသမားများရဲ့ ပြည်တွင်းအန္တရာယ် ထင်သလောက်မဆိုး


German လုံခြုံရေးတပ်များ
German လုံခြုံရေးတပ်များ

IS အကြမ်းဖက်ဝါဒစွဲအဖွဲ့ရဲ့ ကာလီဖိတ်အုပ်ချုပ်မှုပြိုပျက်သွားတာနဲ့အတူပဲ အဲဒီမှာရှိနေတဲ့ နိုင်ငံခြားတိုက်ခိုက်ရေးသမားတွေ သူတို့နေရပ်ရင်းကိုပြန်ပြီး ခြိမ်းခြောက်မှုသစ်တွေဖြစ်လာနိုင်ခြေအပေါ် နောက်ဆုံးလေ့လာချက်တခုအရတော့၊ အနောက်နိုင်ငံတွေရဲ့ အရင်စိုးရိမ်ချက်နဲ့ ကွဲလွဲမှုတွေ ရှိလာပါတယ်။

အမေရိကန်နဲ့ ဥရောပ အနောက်နိုင်ငံတွေက ထောင်ဂဏန်းလောက်ဟာ ဆီးရီယားနဲ့အီရတ်မှာရှိတဲ့ IS တို့နဲ့ သွားရောက်ပူးပေါင်းခဲ့တယ်လို့ တွက်ဆထားပြီး၊ ဒီလူတွေ မူရင်းနိုင်ငံကို ပြန်ဝင်လာရင် ပြည်တွင်းမှာအကြမ်းဖက်ဝါဒစွဲတိုက်ခိုက်မှုတွေ ရှိလာမှာကို အနောက်နိုင်ငံထောက်လှမ်းရေးအသိုင်းအဝိုင်းက ကြိုတင်တွက်ဆ စိုးရိမ်ထားတာပါ။ ဒါပေမယ့်လည်း အမေရိကန်ပြည်ထောင်စုက George Washington တက္ကသိုလ် အစွန်းရောက်ဝါဒလေ့လာရေးဌာနက ပြုစုတဲ့ လေ့လာချက်နဲ့၊ ဘယ်ဂျီယံနိုင်ငံက Egmont အင်စတီကျူတို့က လေ့လာချက်တွေအရတော့ ဆီးရီယားနဲ့အီရတ်ကနေ ဌာနေပြန်လာကြသူတွေရဲ့ ပြည်တွင်းခြိမ်းခြောက်မှုအန္တရာယ်ဟာ မှန်းသလောက်တော့ အနေအထားဖြစ်မလာဘူးလို့ သုံးသပ်ထားပါတယ်။

ဆီးရီယားနဲ့ အီရတ်မှာ IS တို့နဲ့သွားပြီး ပူးပေါင်းခဲ့ကြတဲ့ နိုင်ငံခြားတိုက်ခိုက်ရေးသမား လေးသောင်းကျော်ထဲမှာ အနောက်နိုင်ငံတွေကသွားရောက်တဲ့အရေအတွက်ဟာ လေးထောင်နဲ့ ငါးထောင်ကြားရှိမယ်လို့ အမေရိကန်ထောက်လှမ်းရေးတာဝန်ရှိသူတွေက ခန့်မှန်းထားတာပါ။ အဲဒီအထဲ အမေရိကန်နိုင်ငံကသွားရောက်တဲ့အရေအတွက်ဟာ ၂၅၀ နဲ့ ၃၀၀ လောက်ပဲ ရှိမယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။

အမေရိကန်ပြည်တွင်းကနေ IS နဲ့ ပူးပေါင်းဖို့သွားတဲ့ အနည်းဆုံး လူ ၅၀ ကို တိုင်းပြည်ကမထွက်ခွာခင် ဒါမှမဟုတ် IS တို့ ဆီမရောက်ခင် နေရာတခုမှာ ထိန်းသိမ်းနိုင်ခဲ့တယ်လို့ George Washington တက္ကသိုလ်လေ့လာချက်မှာ ဖော်ပြပါတယ်။

IS နဲ့ ပူးပေါင်းဖို့ ထွက်သွားသူ ၂၀၀ လောက်ထဲက ၆၄ ဦးကို ဘယ်သူ ဘယ်ဝါရယ်ဆိုပြီး အတည်ပြုထားနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီအထဲ ၁၂ လောက်ပဲ တိုင်းပြည်ကို ပြန်လာပြီး၊ အဲဒီအထဲ ၉ ဦးကို ဖမ်းမိ အရေးယူထားတယ်လို့ အဲဒီလေ့လာချက်မှာ ဖော်ပြပါတယ်။ IS နဲ့ ပူးပေါင်းဖို့ အမေရိကန်ကနေထွက်သွားသူထဲ ၂၂ ဦးကတော့ ဆီးရီယားနဲ့ အီရတ်မှာ သေဆုံးသွားတယ်လို့ ယူဆရပြီး၊ နောက်ထပ် ၂၈ ယောက်ကိုတော့ ဘယ်မှာရှိနေလဲဆိုတာ အတည်မပြုနိုင်ဘူးလို့ စစ်တမ်းမှာဖော်ပြထားပါတယ်။ ဒါပေမယ့် ဒီလူတွေထဲက တဦးတယောက်ကမှ အမေရိကန်ပြည်တွင်းထဲမှာ အကြမ်းဖက်တိုက်ခိုက်မှုအောင်အောင်မြင်မြင်လုပ်နိုင်တာ မရှိသေးဘူးလို့လည်း လေ့လာချက်မှာ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG