သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်တိုက်ခိုက်မှု အကြမ်းဖက်သမားများ ဗွီဒီယို IS ထုတ်ဝေ


ပြင်သစ်နိုင်ငံ အကြမ်းဖက်တိုက်ခိုက်မှု ၂၀၁၅ နိုဝင်ဘာတုန်းက ဖြစ်ပွားခဲ့စဉ်။
ပြင်သစ်နိုင်ငံ အကြမ်းဖက်တိုက်ခိုက်မှု ၂၀၁၅ နိုဝင်ဘာတုန်းက ဖြစ်ပွားခဲ့စဉ်။

ပြင်သစ်နိုင်ငံက အကြမ်းဖက်တိုက်ခိုက်မှု၊ ဆီးရီးယားနဲ့ အီရတ်နိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့သူတွေကို ခေါင်းဖြတ် ကွပ်မျက်မှုတွေ ပြုလုပ်ခဲ့ကြတဲ့ အကြမ်းဖက်သမား ၉ ဦးပါဝင်တဲ့ ဗီဒီယိုကို IS အစွန်းရောက်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ဒီဗီဒီယိုထဲမှာတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုကိုလည်း ပြသထားပြီး ဒီလူတွေဟာ ပြင်သစ်ကို ဒူးထောက်အောင် လုပ်နိုင်ခဲ့တဲ့ ရဲရင့်သူခြင်္သေ့တွေ ဖြစ်တယ် ဆိုပြီး တင်စားထားပါတယ်။

ပါရီမြို့ တိုက်ခိုက်မှုတွေနဲ့ နောက်ပိုင်း ရဲတပ်ဖွဲ့ရဲ့ စီးနင်းရှာဖွေမှုတွေအတွင်း အဲဒီ ၉ ဦးလုံး သေဆုံးသွားပါတယ်။ ဘယ်လ်ဂျီယံနဲ့ ပြင်သစ်နိုင်ငံသား အများစုပါဝင်တဲ့ အဲဒီ အစွန်းရောက်သမားတွေဟာ ဗုံးတွေ သေနတ်တွေ သုံးပြီး ပြင်သစ်နိုင်ငံက နေရာတချို့ကို တိုက်ခိုက်ခဲ့တာကြောင့်လူ ၁၃၀ လောက် သေဆုံးခဲ့ရတာပါ။

ဒါ့အပြင် ဗြိတိန်ဝန်ကြီးချုပ် David Cameron ပုံကိုလည်း ဒီဗွီဒီယိုမှာ ထည့်သွင်းထားပြီး သူတို့ရဲ့ အယူဝါဒကို မယုံကြည်သူတွေ သူတို့ဓါးချက်နဲ့ သေဆုံးရမယ်ဆိုပြီးတော့ သတိပေးပြောဆိုပါတယ်။

IS တွေကို ရှင်းလင်းဖို့လုပ်ဆောင်နေတဲ့ အမေရိကန်ဦးဆောင် ညွှန့်ပေါင်းအဖွဲ့မှာ ဗြိတိန်နိုင်ငံလည်း ပါဝင်ပြီး အီရတ်နိုင်ငံက စစ်ဆင်ရေးတွေမှာ အဓိက လုပ်ဆောင်နေတာပါ။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့လကစလို့ ဆီးရီးယားနိုင်ငံက လေကြောင်းစစ်ဆင်ရေးမှာလည်း ဗြိတိန် ပါဝင်လာပါတယ်။

XS
SM
MD
LG