သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Islamic State ရဲ့ ခြိမ်းခြောက်မှု ကြုံရမှုထက် ကြီးမား - ကာကွယ်ရေးဝန်ကြီး Hagel


အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel နဲ့ အမေရိကန် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Martin Dempsey နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ။ (သြဂုတ်လ ၂၁၊ ၂၀၁၄)
အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel နဲ့ အမေရိကန် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Martin Dempsey နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ။ (သြဂုတ်လ ၂၁၊ ၂၀၁၄)

Islamic State အစွန်းရောက်အဖွဲ့ရဲ့ နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်မှုဟာ ဆိုရင် အခု ကြုံနေ မြင်နေရတာထက် အတိုင်းအဆကြီးတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel က ပြောလိုက်ပါတယ်။ အဲဒီ စစ်သွေးကြွတွေဟာ အစဉ်အလာအရရှိခဲ့တဲ့ အကြမ်းဖက်အဖွဲ့တွေထက်ကို စိုးရိမ်စရာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး Hagel က ဝါရှင်တန်ဒီစီမှာ ကြာသာပတေးနေ့မှာ ပြောသွားတာပါ။ အရင်ရှိပြီးသား စစ်သွေးကြွတွေထက် လက်နက်အင်အား လေ့ကျင့်မှု ငွေကြေးထောက်ခံမှု ပိုပြီး အားကောင်းတယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။

အီရတ်မှာဖြစ်စေ ကမ္ဘာ့အခြားနေရာတွေမှာဖြစ်စေ ရင်ဆိုင်ကြုံတွေ့ခဲ့ရ တာတွေထက်ကို Islamic State အဖွဲ့ဟာ ပိုပြီးကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ် လို့ ပြောပါတယ်။ Islamic State အဖွဲ့အစည်းဟာ ကမ္ဘာကြီးဖျက်မယ့် အမြင်အယူအဆကို ကိုင်စွဲထားသူတွေလည်းဖြစ်တယ်လို့လည်း အမေရိကန် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Martin Dempsey နဲ့အတူ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေးဝန်ကြီး Hagel က ပြောခဲ့ပါတယ်။

ဒီအဖွဲ့ကို ချေမှုန်းနိုင်ဖို့ဆိုရင် အီရတ်မှာရော ဆီးရီယားမှာပါ လုပ်ဆောင် ရမှာဖြစ်တယ်လို့ အမေရိကန်စစ်ဦးစီးချုပ်က ပြောခဲ့ပါတယ်။ အီရတ်နဲ့ ဆီးရီယား အကြား ဒေသတခွင်မှာနေကြတဲ့ အတိဒုက္ခတွေ့နေတဲ့ သန်း၂၀ လူထုက လက်မခံတွန်းလှန်မှာသာ ဒီ စစ်သွေးကြွတွေကို အမြစ်ဖြတ်နိုင်မှာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး Dempsey က ပြောခဲ့ပါတယ်။ Islamic State အစွန်းရောက်အဖွဲ့မှာ အများစုက ဆူနီမူဆလင်တွေဖြစ်ကြပြီး သူတို့ဟာ ဆီးရီယားအရှေ့ခြမ်းနဲ့ အီရတ်အနောက်မြောက်ပိုင်းဒေသတွေကို ထိန်းချုပ်ထားတာပါ။

Islamic State အဖွဲ့က သတ်ဖြတ်ခဲ့တဲ့ အမေရိကန်သတင်းထောက် James Foley နဲ့ အခြားပြန်ပေးဆွဲခံရသူတွေကို ကယ်ဆယ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မမြင်ဖြစ်ခဲ့တဲ့ အပေါ်မှာ ဝန်ကြီး Hagel က စိတ်မကောင်းကြေကွဲရတဲ့ အကြောင်း ပြောပါတယ်။ အခုနှစ် နွေဦးပိုင်းမှာ ဒီစစ်ဆင်ရေးလုပ်ဖို့ သမ္မတအိုဘားမားက အမိန့်ပေးခဲ့ပေမယ့်၊ သူတို့ကို ဖမ်းထားမယ်လို့ ယူဆရတဲ့ အဲ့ဒီနေရာကို ဝင်တိုက်တော့ အဲဒီမှာ ဓါးစာခံတွေ မတွေ့ခဲ့ရတာကြောင့် စစ်ဆင်ရေး မအောင်မမြင်ဖြစ်ခဲ့ရတာပါ။

XS
SM
MD
LG