သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားနယ်စပ် Kobani မြို့ IS အစွန်းရောက်လက် ကျဖွယ်ရှိ


ဆီးရီးယားနိုင်ငံနယ်စပ်မှာ အမေရိကန်ကဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ Kobani မြို့ကိုတော့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ထိုးစစ်ကနေ အကာအကွယ် မပေးနိုင်ခဲ့ပါဘူး။

နယ်စပ်က Kobani မြို့ကို IS အစ္စလာမ် မစ်စစ်သွေးကြွတွေရဲ့ ထိုးစစ်ကနေ Kurds တိုက်ခိုက်ရေးသမားတွေ သုံးပတ်ကြာ ခုခံနေခဲ့ပေမဲ့ မြို့က IS စစ်သွေးကြွတွေရဲ့ လက်ထဲ ကျရောက်လုဆဲ ဖြစ်နေတယ်လို့ တူရကီသမ္မတက ပြောပါတယ်။

Ayn al-Arab ခေါ် Kobani မြို့နားက လေယာဉ်ပစ်အမြှောက်တင် မော်တော်ယာဉ်တစီး အပါအဝင် IS ပစ်မှတ်တွေကို တနင်္လာနေ့ညပိုင်းနဲ့ အင်္ဂါနေ့အစောပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။

IS စစ်သွေးကြွတွေကို မြေပြင်ကနေပြန်ပြီး တိုက်မထုတ်နိုင်ဘူးဆိုရင် IS စစ်သွေးကြွတွေဟာ ဆီးရီးယားနဲ့ တူရကီ နယ်စပ်တလျှောက် ဒေသတွေကို ထိန်းချုပ်နိုင်သွားလိမ့်မယ်လို့ တူရကီသမ္မတ Recep Tayyip Erdogan က ပြောပါတယ်။

Kurds နွယ်ဘွားတွေ အများစု နေထိုင်တဲ့ အဲဒီနယ်စပ်မြို့မှာ သီတင်း နှစ်ပတ်ကြာဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားအယောက် ၂၀ အပါအဝင် လူပေါင်းအယောက် ၄၀၀ မက သေဆုံးခဲ့ရပြီလို့ ဆီးရီးယားစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

XS
SM
MD
LG