သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ISIS အစွန်းရောက်တွေအပေါ် အမေရိကန်လေကြောင်း တိုက်ခိုက်မှုတိုး


ဆီးရီးယားနယ်စပ်မြို့ဖြစ်တဲ့ Kobani မြို့ကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေလက်ထဲ ကျမသွားရအောင် ခုခံနေကြတဲ့ Kurdish တိုက်ခိုက်ရေးသမားတွေကို စစ်ရေးအကူညီပေးတဲ့အနေနဲ့ အမေရိကန်တိုက်လေယာဉ်တွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။

တချိန်တည်းမှာပဲ IS စစ်သွေးကြွတွေက နယ်မြေကွက်တခုကို သိမ်းပိုက်သွားနိုင်ခြေ ရှိနေတယ်လို့ သတိပေးမှုတွေလည်း ရှိနေပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တဲ့ ရည်ရွယ်ချက်ကတော့ မြေပြင်မှာရှိတဲ့ မြို့ကို ခုခံနေသူတွေ ပြင်ဆင်ဆောင်ရွက်ဖို့ အချိန်ရအောင် လုပ်ဆောင်ပေးတာ ဖြစ်တယ်လို့ အမေရိကန် ဗိုလ်ချုပ်ကြီး John Allen က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရာနဲ့ချီရှိတဲ့ IS စစ်သွေးကြွတွေ သေဆုံးခဲ့တယ်လို့ အမေရိကန်စစ်ရေး လေ့လာသူတွေက ယုံကြည်ကြပါတယ်။ Kurdish ခုခံတိုက်ခိုက်ရေးသမားတွေဟာ IS စစ်သွေးကြွတွေ စခန်းချထားတဲ့နေရာ ၂ ခုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို လမ်းတွေ တော်တော်များများပေါ်ကနေ စစ်သွေးကြွတွေ ဆုတ်ခွာသွားအောင် လုပ်နိုင်ခဲ့တယ်လို့ ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့က ဗုဒ္ဓဟူးနေ့ စောစောပိုင်းမှာ ပြောဆိုပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ IS တွေက မြို့ရဲ့ တဝက်လောက်ကို ပြန်ပြီး သိမ်းသွားနိုင်ခဲ့တယ်လို့ ပြောပါတယ်။ အမေရိကန်စစ်တပ်ကတော့ အင်္ဂါနေ့ကနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ဝေဟင်ကနေ တိုက်ခိုက်မှုပေါင်း ၁၈ ကြိမ် ပြုလုပ်ခဲ့ပြီး ဂျီဟတ် အစွန်းရောက်သမားတွေရဲ့ အဆောက်အဦး ၁၆ လုံးကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ပြောပါတယ်။

XS
SM
MD
LG