မာလီနိုင်ငံတွင်းက အန်စာ ဒင်း (Ansar Dine) အစွန်းရောက်အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တဦး အပါအဝင် အစ္စလာမ်စစ်သွေးကြွ အဆင့်မြင့်ခေါင်းဆောင်နှစ်ဦးကို မြောက်ပိုင်းမာလီမှာ ဖမ်းဆီးရမိ လိုက်ပါတယ်။
အယ်ဂျီးရီယားနိုင်ငံနဲ့ နယ်ချင်းစပ် မာလီနယ်စပ်အနီးမှာ အစ္စလာမ်မစ် သူပုန်ခေါင်းဆောင် မူဟာမက် မူဆာ အက် မိုဟာမက် (Muhamed Moussa Ag Mohamed) နဲ့ အော့မနီ ဘာဘာ ဟာမတ် (Oumeini Ould Baba Akhmed) တို့ကို စနေနေ့က ဖမ်းဆီးရမိတယ်လို့ Tuareg ခွဲထွက်ရေးအဖွဲ့ MNLA က ကြေညာလိုက်ပါတယ်။
အက် မိုဟာမက် (Ag Mohamed) ဟာ အန်စာ ဒင်း (Ansar Dine) စစ်သွေးကြွအဖွဲ့ရဲ့ နံပါတ်သုံး ခေါင်းဆောင်ဖြစ်ပြီး၊ Timbuktu မြို့မှာ တင်းကြပ်တဲ့ အစ္စလာမ်ဥပဒေ ချမှတ်ဆောင်ရွက်ဖို့ အားပေးလှုံ့ဆော်ခဲ့သူ ဖြစ်ပါတယ်။ ဘာဘာ ဟာမက် (Baba Akhmed) ကတော့ MUJAO လို့ လူသိများတဲ့ အနောက်အာဖရိကဒေသ ပေါင်းစည်းရေး ဂျီဟဒ် လှုပ်ရှားမှု အဖွဲ့ဝင်တဦး ဖြစ်တယ်လို့ ယူဆရပါတယ်။
အဲ့ဒီ နှစ်ဖွဲ့လုံးဟာ အစ္စလာမ်မစ် Maghred ဒေသက အယ်ကိုင်းဒါးနဲ့အတူ မြောက်ပိုင်းမာလီက မြို့တော်တော်များများကို ၉ လကြာ သိမ်းယူထိန်းချုပ်ခဲ့တဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်တွေကတော့ ပြင်သစ်နဲ့ မာလီအစိုးရတပ်တွေရဲ့ ထိုးစစ်ကြောင့် သူတို့ မြောက်ပိုင်းမာလီ မြို့တွေကို စွန့်ခွာခဲ့ရတာပါ။
ပြင်သစ်လေယဉ်တွေဟာ မြောက်ပိုင်းမာလီ လွင်တီးခေါင်မှာရှိတဲ့ သူပုန်တွေအတွက် ထောက်ပံ့ရေး လမ်းတွေ၊ သင်တန်းကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လောရန့် ဖဘီရတ်စ် (Laurent Fabius) က ပြောခဲ့ပါတယ်။
သူတို့ရဲ့ ရည်မှန်းချက်ကတော့ မြောက်ပိုင်းမာလီမှာ နောက်နောင် ဒီ သူပုန်တွေ ဘယ်လိုမှ ခိုအောင်းမနေနိုင်အောင် ဖြစ်တယ်လို့ ပြောပါတယ်။