ဖမ်းဆီးထားတဲ့ ဗြိတိသျှနိုင်ငံသား Alan Henning ကို သတ်ပလိုက်ပြီလို့ အစ္စလာမ်စစ်သွေးကြွ IS အဖွဲ့က ပြောလိုက်ပါတယ်။
Henning ကို ခေါင်းဖြတ်သတ်နေတာကို ရိုက်ယူထားပုံရတဲ့ ဗွီဒီယိုကို သောကြာနေ့နှောင်းပိုင်းမှာ IS အဖွဲ့က ထုတ်ပြန်ပါတယ်။
အမေရိကန်နိုင်ငံသားလို့ပြောတဲ့ နောက်ထပ်လူတယောက်ကို သတ်ပစ်မယ်လို့ IS အဖွဲ့က ခြိမ်းခြောက်တာနဲ့ ဗွီဒီယိုကို အဆုံး သတ်ထားပါတယ်။
ဒီဖြစ်ရပ်ကိုသာ အတည်ပြုနိုင်မယ်ဆိုရင်တော့ ဒါဟာ IS အဖွဲ့က ဖမ်းဆီးထားတဲ့ နိုင်ငံခြားသားတွေကို မကြာသေးခင် သီတင်း ပတ်တွေအတွင်း လေးယောက်မြောက် သတ်ဖြတ်မှုဖြစ်ပါတယ်။ ဗြိတိသျှ အကူအညီပေးလုပ်သား David Haines, အမေရိကန် သတင်းထောက်တွေဖြစ်ကြတဲ့ Jim Foley နဲ့ Steven Sotloff တို့ကို စစ်သွေးကြွတွေက သတ်ပစ်ခဲ့ပြီးသားပါ။
အီရတ်နိုင်ငံထဲက သူတို့စခန်းတွေကို အမေရိကန်ဦးဆောင် တဲ့ ညွန့်ပေါင်းအဖွဲ့က လေကြောင်းကနေ တိုက်ခိုက်တာကို လက်တုန့် ပြန်တဲ့အနေနဲ့ ဒီလူတွေကို သတ်ပစ်တာလို့ IS အဖွဲ့က ပြောပါတယ်။