သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tunisia သတ်ဖြတ်မှု IS လက်ချက်


တူနေရှားသတ်ဖြတ်မှုအတွင်း သေဆုံးသွားတဲ့ လုံခြုံရေးအရာရှိ ဈာပန ပြည်ထဲရေးဝန်ကြီး တက်ရောက်။ (မတ် ၁၉၊ ၂၀၁၅)
တူနေရှားသတ်ဖြတ်မှုအတွင်း သေဆုံးသွားတဲ့ လုံခြုံရေးအရာရှိ ဈာပန ပြည်ထဲရေးဝန်ကြီး တက်ရောက်။ (မတ် ၁၉၊ ၂၀၁၅)

တူနီးရှား အမျိုးသားပြတိုက်ကို တိုက်ခိုက်တာဟာ သူတို့လက်ချက်ဖြစ်တယ်လို့ IS အစ္စလာမ်စစ်သွေးကြွတွေက ပြောလိုက်ပါ တယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ကမ္ဘာလှည့်ခရီးသည်အများစုအပါအဝင် လူ ၂၃ ယောက်သေဆုံးသွားပါတယ်။

“မူစလင် တူနီးရှားနိုင်ငံမှာ မိစ္ဆာဓိဋ္ဌိတွေနဲ့ မကောင်းမှုတို့ရဲ့ ဒုစရိုက်ရိပ်မြုံတွေထဲက တခုကို မွန်မြတ်တဲ့တိုက်ခိုက်မှု” လုပ်ခဲ့တယ် ဆိုပြီး IS အဖွဲ့ရဲ့ထုတ်ပြန်ချက် ထဲမှာ ဖော်ပြထားပါတယ်။ အဲဒီထုတ်ပြန်ချက်ကို IS အဖွဲ့ကပြောတာတွေ တင်လေ့ရှိတဲ့ ဝက်ဘ်ဆိုက်ဒ်မှာ တင်ထားပြီး အစစ်အမှန်ဖြစ်ပုံရတယ်လို့ အမေရိကန်အခြေစိုက် SITE ထောက်လှမ်းရေးအုပ်စုက ပြောပါတယ်။

တူနီးရှားဟာ အကြမ်းဖက်ဝါဒကို ပြန်ပြီး တိုက်ခိုက်သွားမယ်လို့ တိုက်ခိုက်ခံရမှုမှာ သေဆုံးသွားတဲ့ လုံခြုံရေးအရာရှိတဦးရဲ့ ကြာသပတေးနေ့ကလုပ်တဲ့ နာရေးအခမ်းအနားပြင်ပမှာ တူနီးရှားပြည်ထဲရေးဝန်ကြီး Najem Gharsalli က သတင်းထောက်တွေ ကိုပြောပတယ်။

တူးနစ်စ်ပြတိုက် တိုက်ခိုက်ခံရမှုနဲ့ဆက်စပ်ပြီး လူကိုးဦးကို ဖမ်းဆီးထားတယ်လို့ တူနီးရှားအာဏာပိုင်တွေက ကြာသပတေးနေ့ အစောပိုင်းမှာပြောပါတယ်။ ဗုဒ္ဓဟူးနေ့က တိုက်ခိုက်ခံရတဲ့နေရာမှာ သေနတ်သမားနှစ်ဦးကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်သတ် လိုက်ပြီး သူတို့ရဲ့အပေါင်းပါတွေကို ရှာဖွေနေတယ်လို့ ပြောခဲ့ပါတယ်။

XS
SM
MD
LG