သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား နှင့် အကြမ်းဖက်မှု အန္တရာယ်

Police officers take cover behind a vehicle during a gun battle with attackers near the site where an explosion went off in Jakarta, Indonesia, Jan. 14, 2016. Attackers set off explosions at a Starbucks cafe in a bustling shopping area in the capital and waged gunbattles with police.
1/10 Police officers take cover behind a vehicle during a gun battle with attackers near the site where an explosion went off in Jakarta, Indonesia, Jan. 14, 2016. Attackers set off explosions at a Starbucks cafe in a bustling shopping area in the capital and waged gunbattles with police.
A plainclothes police officer aims his gun at attackers during a gun battle following explosions in Jakarta.
2/10 A plainclothes police officer aims his gun at attackers during a gun battle following explosions in Jakarta.
Indonesian workers run as they are evacuated from their offices at Thamrin business district in Jakarta.
3/10 Indonesian workers run as they are evacuated from their offices at Thamrin business district in Jakarta.
Several explosions went off and gunfire broke out in the center of the Indonesian capital and police said they suspected a suicide bomber was responsible for at least one the blasts.
4/10 Several explosions went off and gunfire broke out in the center of the Indonesian capital and police said they suspected a suicide bomber was responsible for at least one the blasts.
An Indonesian policeman runs near the site of a blast in the center of the Indonesian capital.
5/10 An Indonesian policeman runs near the site of a blast in the center of the Indonesian capital.
Police officers gather outside a Pizza Hut restaurant next door to a Starbucks cafe which was attacked in Jakarta.
6/10 Police officers gather outside a Pizza Hut restaurant next door to a Starbucks cafe which was attacked in Jakarta.
People carry an injured police officer near the site where an explosion went off in Jakarta.
7/10 People carry an injured police officer near the site where an explosion went off in Jakarta.
Indonesian soldiers man armored vehicles as they guard near the site where an attack occurred in Jakarta.
8/10 Indonesian soldiers man armored vehicles as they guard near the site where an attack occurred in Jakarta.
Indonesians lay flowers near the police post where an attack took place in the center of the Indonesian capital.
9/10 Indonesians lay flowers near the police post where an attack took place in the center of the Indonesian capital.
Indonesian policemen examine debris from a bomb blast inside a Starbucks coffee at Thamrin business district in Jakarta.
10/10 Indonesian policemen examine debris from a bomb blast inside a Starbucks coffee at Thamrin business district in Jakarta.
Previous slide
Next slide

ကြာသပတေးနေ့က Indonesia နိုင်ငံ Jakarta မြို့တော်မှာ ဗုံးခွဲ ပစ်ခတ် တိုက်ခိုက်မှုတွေဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ IS အကြမ်းဖက်အဖွဲ့က ဆိုပါတယ်။ ဒီတိုက်ခိုက်မှုဟာ ၂၀၀၉ ဇူလိုင် မှာ ဟိုတယ် ၂ခု ကိုတိုက်ခိုက်ခဲ့ချိန် ကစလို့ ပထမဆုံးအကြိမ် အကြမ်းဖက် တိုက်ခိုက်မှုကြီး ဖြစ်ပါတယ်။ Australia အမျိုးသား တက္ကသိုလ်က Indonesia နဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ Greg Fealy ကို VOA အင်္ဂလိပ်ပိုင်း အစီအစဉ်က Victor Beattie က မေးမြန်းထားတာကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

၂၀၁၄ နှစ်လယ်ပိုင်းက စပြီး Indonesia မှာ အကြမ်းဖက် ခြိမ်းခြောက်မှုတွေ မြင့် တက် လာခဲ့တယ်လို့ Greg Fealy က အခုလိုစပြောခဲ့တာပါ။

"အဲ့ဒီအချိန်ကစပြီး ပိုသတိထားလာပါတယ်။ ၂၀၁၄ သြဂုတ်လမှာ IS ကို Inod အစိုးရကပိတ်ပင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း Indonesia ကလူတွေ Syria နဲ့ Iraq ကိုသွားတာ ပိုများပြားလာခဲ့ပါတယ်။ ပြီးတော့ IS တို့ရဲ့ဝါဒဖြန့်မှုတွေလဲ အင်ဒိုနီရှားကလူတချို့ဆီ ပိုပြီးစိမ့်ဝင်လာနေပါတယ်။ ဒါတွေကြောင့်လဲအရပ်သားတွေ အတွက် စိုးရိမ်စရာတွေပိုများလာတယ်လို့ ရဲတွေကပြောနေကြတာပါ။

မေး။ ။ Indonesia ကိုအကြမ်းဖက်ဖို့ခြိမ်းခြောက်နေတာဟာ IS တခုတည်း မဟုတ်ပါဘူးနော်။

ဖြေ။ ။ မဟုတ်ပါဘူး၊ ဒါဟာသိတ်ရှုပ်ထွေးတဲ့ကိစ္စပါ။ Jahadist အသိုင်းအဝိုင်း ဟာလဲ ရှုပ်ထွေးပြီး အစိတ်စိတ် အမွှာမွှာ ကွဲနေပါတယ်။ IS လို့ ခေါ်နိုင်တဲ့ အဖွဲ့တွေလဲ အများကြီးပါ၊ အနည်းဆုံး အဖွဲ့အစည်း တဒါဇင်လောက်က သူတို့ကို သူတို့ IS ဆိုနေကြပါတယ်။ ဒါပေမဲ့ သူတို့ထဲက အများစုကတော့ IS ပုံစံအတိုင်းအတိအကျ လှူပ်ရှားနေကြတာ မဟုတ်ပါဘူး။ သူတို့ဟာသူတို့ IS ကိုသစ္စာခံကြတယ် ပမဲ့ Syria မှာရှိတဲ့ IS ဗဟိုရဲ့ထိန်းချုပ်မှု အောက်မှာ မဟုတ်ကြပါဘူး။

ဒီလို IS လိုလားတဲ့ အဖွဲ့တွေအပြင် al Qaida ကိုသစ္စာခံတဲ့ Jihadist ဖွဲ့တွေလဲအများကြီးရှိပါသေးတယ်။ ဒါတွေတင်မကပါဘူး ဘယ်သူ့မှသစ္စာမခံပဲ Indonesia အစ္စလာမ်မစ်နိုင်ငံ ထူထောင်ဖို့ရည်ရွယ်တဲ့ အဖွဲ့တွေလဲရှိနေပါတယ်။ Syria တို့ Iraq တို့ က IS တွေရဲ့ Islamic နိုင်ငံတွေဆိုတာနဲ့ ဘာမှဆက်စပ်မှု မရှိကြပါဘူး။"

မေး။ ။ Indonesia ဟာ ကမ္ဘာပေါ်မှာ မူဆလင်ဦးရေ အများဆုံးနိုင်ငံဖြစ်ပါတယ်။ IS တပ်ဖွဲတွေမှာ နိုင်ငံတကာကဝင်ရောက်လာကြသူတွေအထဲမှာ Indonesia ကအများဆုံးပဲလို့ ဆိုကြပါတယ်။ ဆိုတော့ Indonesia ဟာ IS တွေ တပ်သားသစ်စုဆောင်းခံရနိုင်တဲ့ အဓိက နေရာကြီးဖြစ်နေတယ်ပေါ့ ခင်ဗျား။

ဖြေ။ ။ တကယ်တော့ IS တွေဆီသွားရောက်ပူးပေါင်းကြတဲ့ အထဲမှာ အရှေ့တောင်အာရှလူတွေ အင်ဒိုနီးရှားက လူတွေ အတော်လေး နည်းပါတယ်။ အခု IS တို့ဆီမှာ နိုင်ငံရပ်ခြားက လာရောက် ပူးပေါင်းသူပေါင်း ၂ သောင်း ၅ ထောင်ကနေ ၃ သောင်းလောက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ ဒီအထဲမှာ အင်ဒိုနီးရှားက ၃၀၀ လောက်ပဲပါပါတယ်။

မိသားစုဝင်တွေ၊ တိုက်ခိုက်ရေးဘက်က မဟုတ်တဲ့ သူတွေကိုပြောတာပါ။ ဒါကိုကြည့်ရင် ရာခိုင်နှုန်း နဲနဲလေးဆိုတာတွေ့ရပါလိမ့်မယ်။ လူဦးရေ နဲ့ပျမ်းမျှတွက်ရင် Indonesia ကအနည်းဆုံးပါ။ Tunisia ထက်နည်းပါတယ်။ Belgium လို Netherland လို ဥရောပနိုင်ငံတွေထက်တောင်နည်းပါတယ်။ ဒီဥရောပက လာရောက်ပူးပေါင်းတဲ့ သူတွေက ၅ဆ ၆ဆ ပိုနေပါတယ်။ အံ့သြစရာပါပဲ။

အရင်တုံးကဆိုရင် အကြမ်းဖက်သမားတွေဟာ ရဲတွေကိုပစ်မှတ်ထားခဲ့ကြပေမဲ့ ဒီတိုက်ခိုက်မှုမှာတော့ ကျန်တဲ့လူတွေကိုပါ ကြောက်ရွံ့အောင်လုပ်ဖို့ ရည်ရွယ်လာဟန်တူတယ်လို့ Greg Fealy ကဆိုပါတယ်။

Detachment 88 လို့ သိကြတဲ့ Indonesia အကြမ်းဖက်မှုတန်ပြန်ရေးရဲတပ်ဖွဲ့ဟာ အထူးလေ့ကျင့်ထားတဲ့ တပ်ဖွဲ့ ဖြစ်ပြီး အကြမ်းဖက် အစီအစဉ်တွေ ကို အောင်အောင်မြင်မြင်ကြိုတင် တားဆီးနိုင်ခဲ့သလို သံသယရှိတဲ့ အကြမ်းဖက် သမားတွေကို ဖမ်းဆီးပြီးရုံးတင်စစ်ဆေး နိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။

XS
SM
MD
LG