သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ဘဏ္ဍာရေးဝန်ကြီး အမေရိကန်တပ်ဖွဲ့ သုတ်သင်


သုတ်သင်ခံလိုက်ရတဲ့ IS အစွန်းရောက်အဖွဲ့ရဲ့ ဘဏ္ဍာရေးဝန်ကြီး လည်းဖြစ်၊ ပြည်ပရေးရာတွေကိုလည်း တာဝန်ယူရတဲ့ Abd ar-Rahman Mustafa al-Qaduli ။
သုတ်သင်ခံလိုက်ရတဲ့ IS အစွန်းရောက်အဖွဲ့ရဲ့ ဘဏ္ဍာရေးဝန်ကြီး လည်းဖြစ်၊ ပြည်ပရေးရာတွေကိုလည်း တာဝန်ယူရတဲ့ Abd ar-Rahman Mustafa al-Qaduli ။

IS အစွန်းရောက်အဖွဲ့ရဲ့ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်၊ ပြည်ပရေးရာတွေကိုလည်း တာဝန်ယူရတဲ့ Abd ar-Rahman Mustafa al-Qaduli ကို အမေရိကန် တပ်ဖွဲ့တွေက သုတ်သင်လိုက်ကြောင်း ကာကွယ်ရေးဝန်ကြီး Ash Carter က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

IS ဝန်ကြီးအဖွဲ့ကို စနစ်တကျ သုတ်သင်ရှင်းလင်းနေတယ်လို့လည်း ဝန်ကြီးကာတာက ပြောကြားခဲ့တာပါ။ Hajji Iman လို့လည်း လူသိများတဲ့ ကာဒူလီ ကို အီရတ်မှာ သုတ်သင်ခဲ့တာလား ဆီးရီးယားမှာလား ဆိုတာကို ဝန်ကြီးကယ်ရီက ပြောကြားခြင်းမရှိခဲ့သလို၊ IS အဖွဲ့ ထိပ်တန်း ခေါင်းဆောင်ဖြစ်တဲ့ ကာဒူလီဟာ စီးနင်းတိုက်ခိုက်မှု မှာ သေဆုံးတာလား၊ လေကြောင်း တိုက်ခိုက်မှုမှာ သေဆုံးတာလား ဆိုတာကိုလည်း မပြောပါဘူး။

ကာဒူလီ ဟာ အနောက်နိုင်ငံတွေမှာ အကြမ်းဖက်တိုက်ခိုက်ဖို့ လတ်တလော ကြံစည်နေတယ်လို့လည်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အရာရှိ တဦးက ပြောကြားခဲ့ပါတယ်။ ကာဒူလီဟာ ဒီသီတင်းပတ်ထဲ ဘယ်လ်ဂျီယံနိုင်ငံက တိုက်ခိုက်မှုမျိုးလို အကြမ်းဖက်မှုတွေ လုပ်ဆောင်နိုင်အောင် ပြည်ပက တိုက်ခိုက်ရေးသမားတွေကို ငွေကြေးထောက်ပံ့နေတယ်လို့ အမေရိကန်စစ်တပ်က ယုံကြည်ထားကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာနအရာရှိက ပြောဆိုခဲ့တာပါ။

ကာဒူလီကို ၂၀၁၂ ခုနှစ်ဆန်းပိုင်းမှာပဲ အီရတ်အကျဉ်းထောင် ကနေ ပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး၊ သူ့ကိုဖမ်းမိဖို့အတွက် ဆုငွေဒေါ်လာ ၇ သန်း ထုတ်ခံထားရသူ လည်း ဖြစ်ပါတယ်။

XS
SM
MD
LG