သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS စစ်သွေးကြွတွေ ဓါတုလက်နက်သုံး


အီရတ်နိုင်ငံ၊ မိုဆူးလ်မြို့နှင့် အီရတ်မြောက်ပိုင်း ဆီးရီးယားနယ်စပ်ကြား လမ်းတလမ်းပေါ်တွင် ဗုံးခွဲတိုက်ခိုက်သည့်နေရာကို စစ်ဆေးနေသည့် ကားဒစ်ရှ်စစ်သားများ။
အီရတ်နိုင်ငံ၊ မိုဆူးလ်မြို့နှင့် အီရတ်မြောက်ပိုင်း ဆီးရီးယားနယ်စပ်ကြား လမ်းတလမ်းပေါ်တွင် ဗုံးခွဲတိုက်ခိုက်သည့်နေရာကို စစ်ဆေးနေသည့် ကားဒစ်ရှ်စစ်သားများ။

IS အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွတွေဟာ ကားဒစ်ရှ်လူမျိုးတွေဖွဲ့စည်းထားတဲ့ peshmerga ကာကွယ်ရေးတပ်တွေကိုတိုက်ခိုက်ရာမှာ ဓါတုလက်နက်တွေကို အသုံးပြုခဲ့တယ်လို့ အီရတ်နိုင်ငံ ကာဒတ်ရှ်အစိုးရက ပြောပါတယ်။

စနေနေ့ကထုတ်ပြန်တဲ့ ကာဒ်စ်တန်ဒေသလုံခြုံရေးကောင်စီရဲ့ကြေညာချက်မှာတော့ ဇန်နဝါရီလက အီရတ်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ အသေခံဗုံးဖေါက်ခွဲတိုက်မှုမှာ IS တွေဟာ ကလိုရင်းဓါတ်ငွေ့ကို အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

ဖောက်ခွဲတိုက်ခိုက်ခံရတဲ့ နေရာက နမူနာပစ္စည်းတချို့ ဓါတ်ခွဲစမ်းသပ်ကြည့်ရာမှာ ကလိုရင်းဓါတ်ငွေ့ သဲလွန်စကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။ ဒါအပြင် IS အဖွဲ့ကိုနှိမ်နှင်းဖို့ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ထဲမှာပါဝင်နေတဲ့ နိုင်ငံတနိုင်ငံမှာ ဓါတ်ခွဲစမ်းသပ်ခဲ့တာဖြစ်တယ်လို့ ကာဒစ်ရှ်တာဝန်ရှိသူတွေကပြောပါတယ်။ ဘယ်နိုင်ငံမှာ ဓါတ်ခွဲစမ်းသပ်ခဲ့သလဲဆိုတာကို အတိအကျထုတ်ဖေါ်ပြောဆိုခြင်းမရှိခဲ့ပါဘူး။

ဇန်နဝါရီလ (၂၃)ရက်နေ့ဖြစ်ခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တဲ့နေရာဟာ IS တွေထိန်းချုပ်ထားတဲ့ Mosul မြို့နဲ့ ဆီးရီးယားနိုင်ငံနယ်စပ် အကြားမှာရှိတဲ့ လမ်းပေါ်မှာ ဖြစ်တယ်လို့ စနေနေ့ကထုတ်ပြန်တဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အီရတ်နဲ့ဆီရီးယားနိုင်ငံတွေမှာ IS အဖွဲတွေရဲ့ အရင်က တိုက်ခိုက်မှုတွေမှာ ကလိုရင်းဓါတ်ငွေ့အသုံးပြုခဲ့တယ်လို့စွပ်စွဲခံထားရပါတယ်။

XS
SM
MD
LG