သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲရစ် အကြမ်းဖက်သမား ဖမ်းမိနိုင်ရေး Belgium အပူတပြင်းရှာဖွေ


Belgium လုံခြုံရေးတပ်ဖွဲ့ဝင်များ
Belgium လုံခြုံရေးတပ်ဖွဲ့ဝင်များ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင် ပတ်သက်ခဲ့သူကို ကူညီ ရှာဖွေပေးဖို့ Belgium အစိုးရက သူတို့ထံ တရားဝင် မေတ္တာရပ်ခံခဲ့တယ်လို့ မော်ရိုကိုအာဏာပိုင်တွေက ပြောပါတယ်။ ဒီအတောအတွင်း ထွက်ပြေးနေတဲ့ အကြမ်းဖက်သမားတွေကို Belgium အစိုးရက လိုက်လံ ရှာဖွေနေတာမှာ Brussels မြို့ ဝင်ပေါက် ထွက်ပေါက်တွေပါပိတ်ပြီး ပိုက်စိပ်တိုက် လိုက်လံရှာဖွေနေပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုမှာ တိုက်ရိုက်ပါဝင် ပတ်သက်တယ်လို့ သံသယရှိခံထားရသူ Salah Abdeslam ကို ဖမ်းဆီးရမိရေး အနီးကပ် ပူးပေါင်း ကူညီ ဆောင်ရွက်ပေးဖို့ Belgium ဘုရင် Philippe က မော်ရိုကိုဘုရင် Mohammed ကို မေတ္တာရပ်ခံခဲ့တယ်လို့ မော်ရိုကို အစိုးရက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ Salah Abdeslam ဟာ နိုဝင်ဘာ ၁၃ ရက်နေ့က ပဲရစ်မြို့တိုက်ခိုက်မှုအပြီး နာရီပိုင်း အကြာမှာ ပြင်သစ်အစိုးရရဲ့ ဖမ်းဆီးခြင်း ခံရမယ့်အရေးက ရှောင်ရှားတဲ့အနေနဲ့ Belgium နိုင်ငံထဲကို ထွက်ပြေး တိမ်းရှောင်သွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မော်ရိုကို အစိုးရက သတင်းပေးခဲ့တဲ့အတွက် ပဲရစ်မြို့ တိုက်ခိုက်မှုကို ဦးဆောင် စီစဉ်ခဲ့သူလို့ သတ်မှတ်ခံထားရတဲ့ အကြမ်းဖက်သမား Abdelhamid Abaaoud ကို နိုဝင်ဘာလ ၁၈ ရက်နေ့က ပဲရစ်မြို့မြောက်ပိုင်းမှာရှိတဲ့ တိုက်ခန်းတခုမှာ ပြင်သစ် လုံခြုံရေး တပ်ဖွဲ့တွေက သတ်ဖြတ်လိုက်နိုင်တာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ပဲရစ်မြို့တောင်ပိုင်းက Montrouge ဆင်ခြေဖုံးအရပ်က အမှိုက်ပုံထဲမှာ အသေခံဗုံးခွဲ တိုက်ခိုက်မယ့် ခါးပတ်လို့ ယူဆရတဲ့ ဖောက်ခွဲရေး ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေပါတယ်။

XS
SM
MD
LG