သုံးရလွယ်ကူစေသည့် Link များ

Syria ပိုင်နောက်ဆုံး Iraq နယ်စပ်ဂိတ် IS သိမ်းပိုက်


ဆီးရီးယားနယ်စပ်။
ဆီးရီးယားနယ်စပ်။

ဆီးရီးယားအစိုးရ ထိန်းချုပ်ထားတဲ့ထဲမှာ နောက်ဆုံးကျန်နေသေးတဲ့ ဆီးရီးယားနဲ့ အီရတ်အကြားက နယ်စပ်ဖြတ် လမ်းကို အစ္စလာမ်စစ်သွေးကြွ IS အဖွဲ့က သိမ်းလိုက်ပြီ လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ al-Tanaf နယ်စပ်ဖြတ် တဲ့နေရာကနေ ဆီးရီးယားအစိုးရတပ်တွေ ထွက်ပြေးသွားပြီး IS တွေက စခန်းကို သိမ်းလိုက်ပြီလို့ ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး အခြေအနေ လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောတာပါ။

Palmyra ရှေးဟောင်းမြို့ကို သိမ်းပိုက်ပြီးတဲ့နောက် IS တွေဟာ ဆီးရီးယားနိုင်ငံ ထက်ဝက်လောက်ကို သိမ်းပိုက်ထားပြီ လို့ လေ့လာ စောင့်ကြည့်သူတွေ ကပြောပါတယ်။ အခုဆိုရင် Palmyra မြို့က နှစ် ၂၀၀၀ လောက်သက်တမ်းရှိပြီး အစားပြန်ထိုးလို့ မရတဲ့ ရှေးဟောင်းပစ္စည်းတွေ ဖျက်ဆီးခံရမယ့်အန္တရာယ်နဲ့ ကြုံနေရပါပြီ။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO က Palmyra ကို ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ် နေရာတခုအဖြစ် သတ်မှတ်ထားတာပါ။ အဲဒီနေရာဟာ လူသားယဉ်ကျေးမှု မွေးဖွားရာနေရာဖြစ်တယ်လို့ UNESCO အကြီးအကဲ Irina Bokova က ပြောပါတယ်။ ရှေးဟောင်းပစ္စည်းတွေကို IS အဖွဲ့က ဖျက်ဆီးလိုက်မယ်ဆိုရင်တော့ လူသားမျိုးနွယ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တခုဖြစ်လိမ့်မယ်လို့ မစ္စBokova ကပြောပါတယ်။

ရုပ်တုတွေနဲ့ ရှေးဟောင်းပစ္စည်းတွေကို ဘုရားသခင်ကို ထိခိုက်စော်ကားတဲ့ အရာတွေအဖြစ် IS အစွန်းရောက်တွေက သတ်မှတ် ပါတယ်။ ဒီနှစ်အစောပိုင်းတုန်းက Nimrud နဲ့ မိုဆူးလ်မြို့တွေက တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင် ရှေးဟောင်းလက်ရာတွေကို IS တွေ ဖျက်ဆီးပစ်ခဲ့ပါတယ်။

XS
SM
MD
LG