သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာခံသူ ၅၀ ထက်မနည်း IS အစွန်းရောက်အဖွဲ့ သတ်ဖြတ်


IS စစ်သွေးကြွတွေနဲ့လွတ်ရာ ထွက်ပြေးကြသူ အီရတ်ပြည်သူတချိုု့။
IS စစ်သွေးကြွတွေနဲ့လွတ်ရာ ထွက်ပြေးကြသူ အီရတ်ပြည်သူတချိုု့။

အီရတ်နိုင်ငံမှာ IS အစ္စလာမ်စစ်သွေးကြွအဖွဲ့က သူ့ကို ခုခံသူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေရာမှာ Anbar ခရိုင်မှာတော့ ဒေသခံတိုင်းရင်းသား အနည်းဆုံး ၅၀ ကျော်ကို ကွပ်မျက်ပစ်ခဲ့ပါတယ်။ အဲဒီဒေသက Albu Nimr ဆူနီမွတ်ဆလင်တွေကို သောကြာနေ့က သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအရင် ရက်သိပ်မကြာခင်တုန်းကလည်း မြို့တော် Baghdad အနောက်ဘက်က IS အစ္စလာမ်စစ်သွေးကြွတွေသိမ်းခဲ့တဲ့ Ramadi မြို့နားမှာ လူအစုလိုက် အပြုံလိုက် မြှုပ်နှံထားတာကို တွေ့ခဲ့ရပြီး မြှုပ်နှံထားတဲ့အလောင်း ၁၅၀ ကျော်ဟာ အဲဒီတိုင်းရင်းသားတွေဖြစ်ကြောင်း အီရတ် အာဏာပိုင်တွေက ပြောပါတယ်။ ဒါ့အပြင် ် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့တဲ့ အဲဒီမြို့နားမှာပဲ နောက်ထပ် အလောင်း ၇၀ ကျော်လောက် ပစ်ထားတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

IS အစ္စလာမ်စစ်သွေးကြွအဖွဲ့ကို ခုခံတိုက်ခိုက်သူမှန်သမျှ အခုလို ကွပ်မျက်အပြစ်ပေးတာကို ခံရမယ်လို့ အဖွဲ့ဝင်တယောက်ကပြောကြောင်း မျက်မြင် သက်သေတဦးက ပြောပါတယ်။ ဒီ IS အစ္စလာမ်စစ်သွေးကြွအဖွဲ့ဝင်တွေဟာလည်း ဆူနီမူဆလင်တွေ ဖြစ်ပါတယ်။

XS
SM
MD
LG