သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS အပေါ် အမေရိကန်ညွန့်ပေါင်းတပ် အနိုင်ရမည်ဟု အိုဘားမားယုံကြည်


အစ္စလာမ်မစ်စစ်သွေးကြွတွေကို အနိုင်ရဖို့ ယုံကြည်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှာ စကားပြောနေတဲ့ သမ္မတအိုဘားမား။ (ဒီဇင်ဘာ ၁၄၊ ၂၀၁၅)
အစ္စလာမ်မစ်စစ်သွေးကြွတွေကို အနိုင်ရဖို့ ယုံကြည်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှာ စကားပြောနေတဲ့ သမ္မတအိုဘားမား။ (ဒီဇင်ဘာ ၁၄၊ ၂၀၁၅)

IS အစ္စလမ်မစ်အစွန်းရောက်စစ်သွေးကြွတွေကို ဆန့်ကျင်ချေမှုန်းနေတဲ့ သူတို့ရဲ့တိုက်ပွဲမှာ အမေရိကန်ပြည်ထောင်စုဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့အနေနဲ့ အဆုံးမှာ အောင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဘရက်အိုဘားမားက တနင်္လာနေ့က ပြောလိုက်ပါတယ်။ စစ်သွေးကြွအုပ်စုဟာ အရေးနိမ့်နေပြီး သူတို့ရဲခေါင်းဆောင်တွေ ပုံးရှောင်ဖို့နေရာလည်း မရှိတော့ဘူးလို့ သမ္မတအိုဘားမားကပြောပါတယ်။

IS စစ်သွေးကြွတွေချေမှုန်းဖို့ လတ်တလောကြိုးပမ်းမှုနဲ့ပတ်သက်လို့ သူရဲ့ အမျိုးသားလုံခြုံရေးအဖွဲ့နဲ့ တနင်္လာနေ့က တွေ့ဆုံပြီးနောက် သင်တို့အလှည့်ရောက်တော့မယ်လို့ သမ္မတက ပြင်းထန်တဲ့စကားလုံးတွေနဲ့ ပြောသွားပါတယ်။

ဒီလအစောပိုင်းက ကာလီဖိုနီးယားပြည်နယ် San Bernardino မြို့မှာ IS တွေကို အားကျတယ်လို့ယူဆရတဲ့ ဇနီးမောင်နှံရဲ့ အကြမ်းဖက်တိုက်ခိုက်မှုအပြင် နိုဝင်ဘာလက ပဲရစ်မြို့မှာ အကြမ်းဖက်သမားတွေရဲ့ သွေးထွက်သန်ယို တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီးနောက် သမ္မတအိုဘားမားက အမေရိကန် နိုင်ငံသားတွေကို အခု အားပေးစကားပြောဖို့ ကြိုးစားတာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ အထူးအလေးထားဆောင်ရွက်တဲ့စိတ်ဓါတ်နဲ့ နိုင်ငံပေါင်းစုံပါဝင်တဲ့ ညွန့်ပေါင်းအဖွဲ့ကြိုးပမ်းမှုမှာ ဆက်ပြီး ဦးဆောင်နေမှာဖြစ်တယ်လို့ အိုဘားမားကပြောသွားပါတယ်။

IS ကိုချေမှုန်းတဲ့ မဟာဗျူဟာမှာတော့ အပြောင်းအလဲကို သမ္မတက ထုတ်ပြန်ကြေညာခြင်းမရှိခဲ့ပေမယ့် ညွန့်ပေါင်းတပ်ဖွဲ့တွေအနေနဲ့ အကြမ်းဖက် ခေါင်းဆောင်တွေကိုရှာဖွေပြီးချေမှုန်းမဲ့အပြင် အီရတ်စစ်တပ်အပြင် IS တွေကိုတိုက်ခိုက်နေတဲ့ ဆီးရီးယားရှိ အတိုက်အခံတပ်သားတွေကိုလည်း လေ့ကျင်သင်တန်းပေးပြီး လက်နက်တွေတပ်ဆင်ပေးမှာဖြစ်ပါတယ်။

XS
SM
MD
LG