သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားစစ်ဌာနချုုပ်ကို အစ္စရေးလေကြောင်း တိုက်ခိုက်


စစ်အခြေစိုက်စခန်းရှိတဲ့ပင်လယ်နီအပမ်းဖြေရိပ်သာမှာ ပြသထားတဲ့ အစ္စရေး ဒုံးကျည်များ။
စစ်အခြေစိုက်စခန်းရှိတဲ့ပင်လယ်နီအပမ်းဖြေရိပ်သာမှာ ပြသထားတဲ့ အစ္စရေး ဒုံးကျည်များ။
ဆီးရီးယားစစ်ဌာနချုပ်နဲ့ တခြား ပစ်အတော်များများကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်လိုက်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း အစ္စရေး ဆယ်ကျော်သက်အရွယ် တဦးကို ဆီးရီးယားက ပစ်ခတ် သတ်ဖြတ်လိုက်တာကို လက်စားချေတဲ့အနေနဲ့ အခုလို တိုက်ခိုက်တာ ဖြစ်ပါတယ်။

တနင်္လာနေ့မှာ ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း ပစ်မှတ်တွေကို တိုက်ရိုက် ထိမှန်ကြောင်း အစ္စရေးဖက်က အတည်ပြု ပြောဆိုပါတယ်။

အစ္စရေးတို ထိန်းချုပ်ထားတဲ့ ဂိုလန်ကုန်းမြင့်ဒေသကို မောင်းသွားတဲ့ အစ္စရေး ထရပ်ကားတစ်ဆီးကို ဆီးရီးယားက တနင်္ဂနွေနေ့မှာ ပစ်ခတ်တိုက်ခိုက်ခဲ့အတွက် ဆယ်ကျော်သက်အရွယ် လူငယ်တဦး သေဆုံးသွားခဲ့ပြီး တခြား ၂ ဦးလည်း ထိခိုက် ဒဏ်ရာ ရသွားခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုဟာ အစ္စရေးကို ရန်စတဲ့ တိုက်ခိုက်မှုအဖြစ် သတ်မှတ်တဲ့အတွက် အစ္စရေးက အခုလို လက်စားချေ တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG