သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ အစ္စရေးလေကြောင်းက ထိုးစစ်ဆင်


ရဲဘက်အဆို အစ္စရေးဒုံးကျည်တိုက်ခိုက်ခံရတဲ့ နေရာကို ပါလက်စတိုင်းစစ်သွေးကြွတစ်ဦးက စစ်ဆေးကြည့်ရှုနေစဉ်။ (ဂျွန် ၂၉၊ ၂၀၁၄)
ရဲဘက်အဆို အစ္စရေးဒုံးကျည်တိုက်ခိုက်ခံရတဲ့ နေရာကို ပါလက်စတိုင်းစစ်သွေးကြွတစ်ဦးက စစ်ဆေးကြည့်ရှုနေစဉ်။ (ဂျွန် ၂၉၊ ၂၀၁၄)

အစ္စရေးတပ်ဖွဲ့တွေက တနင်္ဂနွေနေ့မှာ ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး တာဝန်ရှိသူတွေကပြောပါတယ်။ ပါလက်စ္စတိုင်းတွေက အစ္စရေးနယ်မြေအတွင်း နယ်စပ်ကို ကျော်ဖြတ်ပြီး ရော့ကက် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီးတဲ့နောက် ပြန်လည်ပြုလုပ်တဲ့ အခု တိုက်ခိုက်မှုအတွင်း ဟားမတ်စ် စစ်သွေးကြွ တဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးပိုင်နယ်မြေအတွင်းကို ရော့ကက်ဒုံးပျံနဲ့တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ စစ်သွေးကြွတွေက ချိန်ရွယ် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အစ္စရေးကြည်းတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ပါလက်စတိုင်းစစ်သွေးကြွတွေဟာ အစ္စရေးနိုင်ငံတောင်ပိုင်းကို သောကြာနေ့နဲ့ စနေနေ့တွေမှာ ရော့ကက်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ရော့ကက်ဒုံးကျည်တခုဟာ Sderot (ဆဒါရော့) မြို့မှာရှိတဲ့ စက်ရုံတခုကို ထိမှန်ခဲ့ပြီး စက်ရုံ မီးလောင်ကြွမ်း သွားခဲ့တယ်လို့ ဆိုပါတယ်။ ဇွန်လဆန်းပိုင်းကစပြီး ဂါဇာ ကမ်းမြောင်ဒေသမှာနေထိုင်တဲ့ ပါလက်စတိုင်း စစ်သွေးကြွတွေဟာ အစ္စရေးနိုင်ငံအတွင်းကို ရော့ကက်ဒုံးကျည် အလုံးပေါင်း ၆၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်ကပြောပါတယ်။

ဇွန်လ ၁၂ ရက်နေ့က ဂါဇာမြစ် အနောက်ဖက်ခြမ်းမှာ အစ္စရေးနိုင်ငံသား ဆယ်ကျော်သက် လူငယ်တချို့ ပျောက်ဆုံး ခဲ့ပြီးနောက် အစ္စရေးနဲ့ ပါလက်စတိုင်းကြားမှာ အခြေနေတွေ တင်းမာလာခဲ့တာပါ။ အဲဒီလူငယ်တွေကို ဟားမတ်စ်အဖွဲ့က ပြန်ပေးဆွဲသွားတာ ဖြစ်တယ်လို့ အစ္စရေးကစွပ်စွဲထားပါတယ်။

XS
SM
MD
LG