သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အဂတိလိုက်စားမှုစွဲချက် အစ္စရေးဝန်ကြီးချုပ် ငြင်းဆို


ဝန်ကြီးချုပ် Benjamin Netanyahu

အစ္စရေး ညွန့်ပေါင်း အစိုးရဟာ တည်ငြိမ်ခိုင်မာမှု ရှိတယ်လို့ ၀န်ကြီးချုပ် Benjamin Netanyahu က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပြီး အဂတိလိုက်စားမှု သီးခြား အမှုနှစ်ခု အတွက် သူ့ကို စွဲချက်တင်ဖို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ငြင်းဆိုလိုက်ပါတယ်။

သူ့အနေနဲ့ရော ဘယ်သူ တဦးတယောက်ကမှ ရွေးကောက်ပွဲတွေ လုပ်ဖို့ အစီအစဉ်မရှိကြောင်း ၀န်ကြီးချုပ် Netanyahu က ပြောဆိုပါတယ်။ အစ္စရေး နိုင်ငံသားတွေရဲ့ ကောင်းကျိုး အတွက် သက်တမ်းကုန်တဲ့ အထိ အတူတကွ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ၀န်ကြီးချုပ်က ပြောဆိုပါတယ်။

အစ္စရေး နိုင်ငံဖွား ဟောလီးဝုဒ် ရုပ်ရှင် ထုတ်လုပ်သူ Arnon Milchan၊ သြစတေးလျ မီဒီယာ လုပ်ငန်းရှင်ကြီး James Packer တို့ အပါအ၀င် ကုဋေကြွယ် သူဌေးကြီးတွေထံကနေ တန်ဖိုးကြီးတဲ့ လက်ဆောင်တွေကို ၀န်ကြီးချုပ် Netanyahu လက်ခံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို လနဲ့ချီ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ရာဇ၀တ်မှုကြောင်းနဲ့ စွဲဆိုဖို့ မနေ့ အင်္ဂါနေ့မှာ ရဲတပ်ဖွဲ့က အကြံပေးခဲ့တာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် Netanyahu ကို တရားစွဲဆိုရေးကိုတော့ ရှေ့နေချုပ် Avichai Mandelblit က အပြီးသတ် ဆုံးဖြတ်မှာပါ။

ရဲတပ်ဖွဲ့ရဲ့ အကြံပေးချက်က နောက်ဆုံးတော့ ဘာမှ မဟုတ်ဘဲ ပြီးသွားမှာ ဖြစ်တယ်လို့ ၀န်ကြီးချုပ်က မနေ့ အင်္ဂါနေ့မှာ ပြောဆိုပါတယ်။ ၀န်ကြီးချုပ်ရဲ့ ရှေ့နေ Amit Hadad ကတော့ ရေဒီယို မေးမြန်းခန်းတခုမှာ ပြောဆိုတာမှာတော့ ချဲ့ကား စွပ်စွဲချက်တွေ ဖြစ်ကြောင်းနဲ့ ၀န်ကြီးချုပ် အနေနဲ့ လာဘ်ယူခဲ့တာ မရှိဘူးလို့လည်း ပြောဆိုသွားပါတယ်။ ၀န်ကြီးချုပ် Netanyahu ရဲ့ ပြိုင်ဘက် ၀န်ကြီးချုပ်ဟောင်း Ehud Barak ကတော့ အဂတိလိုက်စားမှု စွပ်စွဲချက်တွေက တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းတယ်လို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG