သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာက ကုလရဲ့ နောက်ထပ် တကျောင်း ဗုံးထိပြန်ပြီ


ဂါဇာအတွင်း ကုလဖွင့်ထားတဲ့ ကျောင်းကို အစ္စရေးလေယာဉ်က ဗုံးထိမှန်ပြီး ဒဏ်ရာရသွားသူတစ်ဦးကို သယ်ဆောင်လာစဉ်။
ဂါဇာအတွင်း ကုလဖွင့်ထားတဲ့ ကျောင်းကို အစ္စရေးလေယာဉ်က ဗုံးထိမှန်ပြီး ဒဏ်ရာရသွားသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ဂါဇာဒေသမှာ အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေကြသူတွေ ခိုလှုံနေကြတဲ့ ကုလသမဂ္ဂ-က ဖွင့်လှစ် ထားတဲ့ကျောင်းကို ဗုံးဆံထိမှန်တာကြောင့် လူ ၁၀ ယောက်ထက် မနည်း သေဆုံးသွားပြီး ၃၅ ယောက် ဒဏ်ရာရရှိသွားပါတယ်။

ကျောင်းရဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ပစ်မှတ်ကို အစ္စရေးလေယာဉ်က ပစ်ခတ်တိုက်ခိုက် ရာကနေ အခုလို ထိမှန်သွားပုံ ရတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။

ရာဖါမှာဖြစ်ခဲ့တဲ့ပေါက်ကွဲမှုဟာ အစားအစာလက်ခံရယူဖို့ လူတွေတန်းစီနေကြချိန်မှာ ဖြစ်ပွား ခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ အခြေအနေတွေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး ကလေးတွေအပါဝင် လူတွေရဲ့ ခန္ဓာကိုယ်တွေ မြေပြင်မှာ ပြန့်ကြဲနေသလို သွေးကွက်တွေကိုလည်း တွေ့မြင်နေရပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစ္စရေးနိုင်ငံဖက်က ဘာမှ မှတ်ချက်ပေးပြောဆိုတာမျိုး မရှိသေးပါဘူး။

ကုလသမဂ္ဂက ဖွင့်ပေးထားတဲ့ကျောင်းတွေကို ဗုံးဆန်ထိမှန်နေတာ ဒါဟာ ၁၀ ရက်တာ အတွင်း ၃ ကျောင်းမြောက် ဖြစ်ပါတယ်။ အခုလို ကုလသမဂ္ဂ ကျောင်းကို ထိမှန်တဲ့ အတွက် နိုင်ငံတကာကနေ ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။ အခုနောက်ဆုံးဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သိက္ခာမဲ့လွန်းတဲ့ ရာဇဝတ်ပြစ်မှု ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အစ္စရေးအပေါ် အခိုင်အမာထောက်ခံတဲ့ မဟာမိတ် အမေရိကန်နိုင်ငံကလည်း တနင်္ဂနွေနေ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အလွန် စိတ်ပျက် မိကြောင်း ပြောထားပါတယ်။

XS
SM
MD
LG