သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာနယ်ခြားဂိတ်နှစ်ခုကို အစ္စရေး ပိတ်ပင်


ဂါဇာ နယ်ခြားဂိတ်များပြမြေပုံ
ဂါဇာ နယ်ခြားဂိတ်များပြမြေပုံ

ဒီနေ့တနင်္ဂနွေနေ့မှာ ဂါဇာဒေသကိုဖြတ်သန်းတဲ့ ကယ်ရယ်မ် ရှာလွန် (Kerem Shalom) နဲ့ အီရတ်ဇ် (Erez) နယ်စပ်ဖြတ်လမ်း ၂ ခုကို ပိတ်လိုက်ပြီလို့ အစ္စရေး ဘက်ကကြေညာလိုက်ပါတယ်။

ထိခိုက်ဒဏ်ရာရမှုတစ်စုံတစ်ရာမရှိပေမယ့် ပါလက်စတိုင်းဘက်ကနေ အစ္စရေးဘက်ကို ဒုံးလက်နက်တစ်ခုကျရောက် မီးလောင်ပြီးတဲ့နောက်ပိုင်းမှာ ခုလို နယ်စပ်ဖြတ်လမ်း နှစ်ခုကိုပိတ်လိုက်တာဖြစ်တယ်လို့ အစ္စရေးစစ်တပ်ကပြောပါတယ်။ ဂါဇာစစ်သွေးကြွတွေနဲ့ ဖြစ်ပွားတဲ့ ရက် ၅၀ စစ်ပွဲပြီးကတည်းကဆိုရင် အဲဒီဒုံးလက်နက် မီးလောင်ပေါက်ကွဲမှုက ဒုတိယအကြိမ်မြောက်ဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။

အီရတ်ဇ် (Erez) နယ်စပ်ဖြတ်လမ်းကနေ လူသားချင်းစာနာမှု အထောက်အကူတွေကိုတော့ ပေးပို့ခွင့်ပေးမှာဖြစ်ကြောင်း အစ္စရေးဖက်ကပြောပါတယ်။ ပါလက်စတိုင်း တွေဘက်က အဲဒီအခြေအနေကို အသုံးချပြီး နောက်ထပ် ဆူပူအုံကြွမှုတွေလုပ်မှာကို အစ္စရေးပြည်သူတချို့က စိုးရိမ်မှုတွေရှိနေပါတယ်။ နှစ်ဖက်စလုံးက အကြမ်းဖက်မှု တွေနဲ့ တုံ့ပြန်ဖို့ ဒီဖြစ်ရပ်ကို အခွင့်ကောင်းယူမယ့်အဖြစ်မျိုးကို ရှောင်စေချင်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နာတန်ရာဟု (Benjamin Netanyahu) က ပြောခဲ့ပါတယ်။

XS
SM
MD
LG