သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းအစိုးရသစ်ကို လက်မခံကြဖို့ အစ္စရေးဆော်သြ


အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu.
အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu.
အသစ်ဖွဲ့စည်းတော့မယ့် ပါလက်စတိုင်း ညီညွတ်ရေး အစိုးရအဖွဲ့ထဲမှာ စစ်သွေးကြွ Hamas အဖွဲ့ ပါလာတဲ့အတွက် ပါလက်စတိုင်း အစိုးရသစ်ကို အသိအမှတ် မပြုကြဖို့ အစ္စရေးဝန်ကြီးချုပ်က ကမ္ဘာ့ခေါင်းဆောင်တွေကို တောင်းဆိုလိုက်ပါတယ်။

ဟာမာ့စ်အဖွဲ့က အစ္စရေးနိုင်ငံကို ဖျက်ဆီးပစ်ဖို့ ကြွေးကြော်ထားတဲ့အတွက် ညီညွတ်ရေးအစိုးရအနေနဲ့ အကြမ်းဖက်လုပ်ငန်းတွေကို တိုးမြှင့် လုပ်ဆောင်လာမယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်တာပါ။

"ဟာမာ့စ်အဖွဲ့ပါဝင်တဲ့ ဟာမာ့စ်အဖွဲ့ကို အားကိုးအားထားပြုနေတဲ့ ပါလက်စတိုင်း ညီညွတ်ရေးအစိုးရကို အလျင်စလို မထောက်ခံကြဖို့ နိုင်ငံတကာ အသိုင်းဝိုင်းကို တောင်းဆိုလိုကြောင်း၊ ဟာမာ့စ်အဖွဲ့ဟာ အကြမ်းဖက် အဖွဲ့အစည်းဖြစ်တဲ့အပြင် အစ္စရေးနိုင်ငံ ဖျက်ဆီးပစ်ဖို့ ပြောနေတဲ့အဖွဲ့ ဖြစ်တာကြောင့် နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ လက်မခံသင့်တဲ့အကြောင်း၊ အဲဒီလို လုပ်ခြင်းအားဖြင့် ငြိမ်းချမ်းရေးမဖြစ်ထွန်းပဲ အကြမ်းဖက်မှုတွေသာ ပိုတိုးလာမှာပါ။"- လို့ ပြောသွားတာ ဖြစ်ပါတယ်။

ဧပြီလအတွင်း နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက် ရရှိလိုက်တဲ့အတွက် အနောက်ဖက်ကမ်းမြောင်နဲ့ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်း ခေါင်းဆောင်တွေပူးပေါင်းပြီး တနင်္လာနေ့မှာ ညီညွတ်ရေးအစိုးရ ဖွဲ့စည်းကြမှာ ဖြစ်ပါတယ်။

အစိုးရသစ်အနေနဲ့ အစ္စရေးနိုင်ငံကို အသိအမှတ်ပြုပြီး အကြမ်းဖက်လုပ်ငန်းတွေကို စွန့်လွတ်မှာဖြစ်တဲ့အကြောင်း ပါလက်စတိုင်းသမ္မတ Mahmoud Abbas က ပြောပါတယ်။ ညီညွတ်ရေးအစိုးရဖွဲ့လိုက်ခြင်းအားဖြင့် ပါလက်စတိုင်းဒေသက Hamas နဲ့ Fatah အဖွဲ့ ၂ ဖွဲ့အကြား ၇ နှစ်ကြာ ကွဲကွာနေတာကို အဆုံးသတ်သွားစေမှာ ဖြစ်ပါတယ်။
XS
SM
MD
LG