သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ မြေပြင်စစ်ဆင်ရေး အစ္စရေးစတင်


အရှေ့အလယ်ပိုင်းက ဂါဇာကမ်းမြှောင်ဒေသမှာ အရင်တပတ်ကစပြီး Hamas စစ်သွေးကြွတွေကို အစ္စရေးတို့ တိုက်ခိုက်နေတာမှာ ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့မှာပဲ အစ္စရေးကမြေပြင်စစ်ဆင်ရေးကို စတင်လိုက်ပြီဖြစ်ပါတယ်။

အစ္စရေးအထူးတပ်ဖွဲ့ဝင်တွေဟာ ဒုံးကျဉ်ပစ်လွှတ်တဲ့ နေရာတခုကို ပစ်မှတ်ထားပြီး တနင်္ဂနွေနေ့မှာ တခဏချင်း ဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ပါလက်စတိုင်းတိုက်ခိုက်ရေးသမားတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုအတွင်း အစ္စရေးစစ်သား ၄ ဦး ဒဏ်ရာ နည်းနည်း ရသွားတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

သူတို့ ၂ ဖက်ကြား အခု ပဋိပက္ခက ၆ ရက်မြောက်လာပြီ ဖြစ်သလို နိုင်ငံတကာက အပစ်အခတ်ရပ်စဲထားဖို့ ဝိုင်းပြီးပန်ကြားနေတာကို အစ္စရေးက မျက်ကွယ်ပြုပြီး ဂါဇာဒေသတလွှားကဒေသတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းစစ်ဆင်ရေးတွေကို ဆက်လုပ်နေပါတယ်။ ဂါဇာမြောက်ပိုင်းကို စနေညဖက်မှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့လို့ ပါလက်စတိုင်း ဒေသခံထောင်ပေါင်းများစွာ တောင်ပိုင်းကို ထွက်ပြေးကြရပါတယ်။ တခြားနိုင်ငံတွေရဲ့ နိုင်ငံသားအဖြစ်လည်း ခံယူထားတဲ့ ပါလက်စတိုင်း နွယ်ဖွားတွေနဲ့ နိုင်ငံခြားသားတွေကတော့ ဒီကနေ့ပဲ ဂါဇာဒေသကနေ အပြီးထွက်ခွာ သွားကြပါပြီ။

လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်မှာဖြစ်ကြောင်း ဂါဇာမြောက်ပိုင်းမှာ နေထိုင်ကြတဲ့ ပါလက်စတိုင်းနွယ်ဖွားတွေ ဘေးလွတ်ရာကို ကိုယ့်ဖာကိုယ်ပြောင်းရွှေ့ကြဖို့ အစ္စရေးစစ်တပ်က သတိပေးထားပါတယ်။ အခုဆို အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးရသူပေါင်း ၁၅၀ ကျော် သွားပြီလို့ ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။ အစ္စရေးက Hamas နဲ့ တခြားစစ်သွေးကြွအဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်ပေမယ့် သေဆုံးသူအများစုဟာ အရပ်သားတွေဖြစ်တယ်လို့ ဂါဇာက ထွက်လာတဲ့ သတင်းတွေမှာ ပြောထားပါတယ်။

XS
SM
MD
LG