သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးသံရုံးစီးနင်းမှုအပြီး ကိုင်ရိုလုံခြုံရေးတင်းကျပ်


အစ္စရေးသံရုံးစီးနင်းမှုအပြီး ကိုင်ရိုလုံခြုံရေးတင်းကျပ်

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အစ္စရေးသံရုံးကို ဆန္ဒပြသူတွေ ၀င်ရောက် စီးနင်းခဲ့တဲ့အဖြစ်အပျက် ဖြစ်ပြီးနောက်တရက် စနေနေ့မှာ အီဂျစ်နိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့တွေကို အဆင့်မြင့် လုံခြုံရေးသတိပေးချက် ထုတ်ပြန်ထားပါတယ်။ အဲဒီအကြမ်းဖက်မှုနဲ့ပတ်သက်လို့ အီဂျစ်အစိုးရကလည်း ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။

သောကြာနေ့တုန်းက ဆန္ဒပြသူတွေဟာ အစ္စရေးသံရုံးက လုံခြုံရေးအကာအကွယ် နံရံကို ဖြိုချ ဖျက်စီးပစ်ခဲ့တာ ဖြစ်ပါတယ်။ သံရုံးထဲ ၀င်ရောက်ခဲ့ပြီးတဲ့နောက် ဆန္ဒပြသူတချို့ဟာ သံရုံးထဲက စာရွက်စာတမ်းတချို့ကို အပြင်က လူအုပ်ထံကို လွှင့်ပစ်ခဲ့ပါတယ်။

အီဂျစ်လုံခြုံရေးတပ်ဖွဲ့တွေ အနေနဲ့ အဲဒီအကြမ်းဖက်မှုကို ၀င်ရောက်တားဆီးတာမျိုး မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ ညနေပိုင်းမှာတော့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့လို့ လူ ၄၄၈ ယောက်နီးပါး ဒဏ်ရာရခဲ့တယ်လို့ အီဂျစ်အစိုးရဘက်က ပြောဆိုပါတယ်။

ဒီအကြမ်းဖက်ဖြစ်ရပ်ကြောင့် အီဂျစ်ဆိုင်ရာ အစ္စရေးသံအမတ် နဲ့ Yitzhak Levanon နဲ့ သူ့ရဲ့မိသားစု အပါအ၀င် သံရုံးဝန်ထမ်း ၈၀ ကျော်ဟာ အီဂျစ်နိုင်ငံက ထွက်ခွာဖို့ လေဆိပ်ကို အပြေးအလွှား ထွက်ခွာသွားခဲ့ကြရပါတယ်။ သံအမတ်ကြီးနဲ့ သံရုံးဝန်ထမ်းတွေဟာ အစ္စရေးကို စနေနေ့ အစောပိုင်းမှာ ရောက်ခဲ့ကြပြီးတော့ သံရုံးထဲမှာ ပိတ်မိခဲ့ကြတဲ့ အစ္စရေးနိုင်ငံသား ၆ ဦးကို အီဂျစ် အသေခံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကယ်ထုတ်ခဲ့ကြရတယ်လို့ အစ္စရေး အာဏာပိုင်တွေက ပြောဆိုပါတယ်။

XS
SM
MD
LG