သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယာယီအပစ်ရပ်ရေး အစ္စရေးလ်သက်တမ်းတိုး


မြောက်ပိုင်းဂါဇာကမ်းမြောင်ဒေသကနေ အစ္စရေးကို ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်။ (ဂျူလိုင် ၂၅၊ ၂၀၁၄)
မြောက်ပိုင်းဂါဇာကမ်းမြောင်ဒေသကနေ အစ္စရေးကို ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်။ (ဂျူလိုင် ၂၅၊ ၂၀၁၄)

အစ္စရေးဘက်က တနင်္ဂနွေနေ့ည သန်းခေါင်ယံထိ ဂါဇာမှာ နောက်ထပ် ၂၄ နာရီ အပစ်ရပ်စဲလိုက်ပါတယ်။ ၁၂ နာရီကြာ အပစ်ရပ်မှုကို ကုလသမဂ္ဂက အချိန်ထပ်တိုးဖို့တောင်းဆိုအပြီး ဒါကို ဝန်ကြီးအဖွဲ့က သဘောတူခဲ့တယ်လို့ အစ္စရေး တာဝန်ရှိသူတယောက်က ပြောဆိုခဲ့တာပါ။ ဒီလို အချိန်ထပ်တိုးလိုက်တဲ့ ကာလအတောအတွင်း ဟားမက်စ်က ဒုံးကျည်နဲ့ တိုက်ခိုက်လာမယ်ဆိုလျင် လက်တုံ့ပြန်လိမ့်မယ်ဆိုပြီးတော့လည်း ပြောပါတယ်။

ဒါ့အပြင် လက်နက်နဲ့ တိုက်ခိုက်ရေးသမားတွေ အသုံးပြုသယ်ဆောင်နေတဲ့ ဥမင်လှိုင်ခေါင်းတွေကိုလည်း ဆက်လက်ရှာဖွေ ဖျက်ဆီးသွားမယ်လို့လည်း ပြောပါတယ်။ ဟားမက်စ်အဖွဲ့ကတော့ အခုလို အပစ်အခတ်ရပ်စဲရေး အချိန်တိုးမြှင့်တာကို လက်မခံဘဲ ပထမဆုံးအနေနဲ့ ဂါဇာကနေ အစ္စရေးတပ်တွေ ပြန်ရုပ်သိမ်းဖို့ လိုတယ်လို့ ပြောပါတယ်။

ဟားမက်စ် စစ်သွေးကြွတွေဟာ ၁၂ နာရီကြာ အပစ်ရပ် သဘောတူညီမှု အချိန် ကုန်ဆုံးပြီး ပြီးချင်းမှာပဲ အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ အစ္စရေးဘက်ကတော့ လက်တုံ့ပြန်တာမျိုး မရှိသေးပါဘူး။ စနေနေ့ ယာယီအပစ်ရပ်စဲချိန်မှာ ဂါဇာမှာနေထိုင်ကြတဲ့သူတွေကို သူတို့ရဲ့နေအိမ်တွေကို ပြန်လည် ကြည့်ခွင့်ပေးခဲ့ပါတယ်။ တချို့တွေရဲ့နေအိမ်တွေကတော့ ပျက်စီးနေပြီး တချို့ကတော့ သူတို့နေအိမ်ကနေ ပစ္စည်းတချို့ကို ပြန်လည် ရရှိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွင်း ပါလက်စတိုင်း ကလေးငယ် အများအပြားအပါအဝင် အရပ်သား ၁,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အစ္စရေးစစ်သား အနည်းဆုံး ၄၀ လောက်နဲ့ အရပ်သား နှစ်ဦးတို့လည်း သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

XS
SM
MD
LG