သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ် ဝန်ကြီးချုပ်ဟောင်း Ariel Sharon ကွယ်လွန်


အစ္စရေးဝန်ကြီးချုပ်ဟောင်း Ariel Sharon
အစ္စရေးဝန်ကြီးချုပ်ဟောင်း Ariel Sharon
အစ္စရေးဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ မစ္စတာ အရီရယ် ရှာနွန် (Ariel Sharon) ဟာ လွန်ခဲ့တဲ့ ၈ နှစ်ကတည်းက လေဖြတ်တဲ့ ဝေဒနာကို ခံစားခဲ့ပြီး ဆင့်ပွား ဖြစ်ပွားလာတဲ့ တခြားရောဂါတွေကြောင့် အသက် ၈၅ နှစ် အရွယ်မှာ ကွယ်လွန် သွားပါတယ်။

မစ္စတာရှနွန်ဟာ စနေနေ့ အစ္စရေးနိုင်ငံရဲ့ မြို့တော် တဲလ်အဗစ်မှာရှိတဲ့ ဆေးရုံတရုံမှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။ မစ္စတာ ရှရွန်ဟာ သက်တောင့် သက်သာပဲ ကွယ်လွန်သွားတာဖြစ်ကြောင်း ရှီဘား ကျန်းမာရေးစောင့်ရှောက်မှု ဌာနရဲ့ ဒါရိုက်တာဖြစ်သူ ရှလိုမိုနွိုင်းက ပြောဆိုပါတယ်။

မစ္စတာရှရွန်ရဲ့ ကျန်းမာရေးအခြေအနေဟာ ပြီးခဲ့တဲ့ အပတ်အတွင်း ဆိုးဝါး လာခဲ့တာပါ။ မစ္စတာ ရှရွန်ဟာ ၂၀၀၆ ခုနှစ် အတွင်း ပြင်းထန်တဲ့ လေသင်တုံး ဒဏ်ခံလိုက်ရပြီးတဲ့နောက်ပိုင်း သတိလစ်နေခဲ့တာဖြစ်ပါတယ်။ သတိရှိနေတာ လောက်ကလွဲရင် ကျန်းမာရေး အခြေအနေဟာ အဲဒီတုန်းကတည်း တိုးတက်မှု တစုံတရာရှိမလာခဲ့ဘူးလို့ ဆေးရုံက တာဝန်ရှိ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း သူ့ရဲ့ ကျောက်ကပ်နဲ့ ခန္ဓာကိုယ်တွင်းက တခြား အစိတ်အပိုင်းတွေဟာ အလုပ်လုပ်နိုင်တဲ့ အခြေအနေမရှိတော့ဘူးလို့ ပြောပါတယ်။

မစ္စတာရှရွန်ဟာ ၂၀၀၁ ခုနှစ်ကစပြီး သူ့ရဲ့ကျန်းမာရေးဆိုးရွားလာချိန်အထိ အစ္စရေးနိုင်ငံရဲ့ ဝန်ကြီးချုပ် တာဝန်ယူခဲ့သူပါ။ သူ့ရဲ့အရိုက်အရာကို မစ္စတာ အီဟွတ်၊ အိုလ်မတ် က လွှဲပြောင်းတာဝန်ယူခဲ့ပါတယ်။
XS
SM
MD
LG