သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အစၥေရးလ္သဘာဝဓာတ္ေငြ႕ EU ဝယ္ယူဖို႔ သေဘာတူ


EGYPT-ISRAEL/GAS အီဂ်စ္-အစၥေရးဓာတ္ေငြ႔ပိုက္လိုင္း

အစၥေရးလ္သဘာဝဓာတ္ေငြ႕ EU ဝယ္ယူဖို႔ သေဘာတူ

အီဂ်စ္၊ အစၥေရးနဲ႔ EU ဥေရာပသမဂၢတုိ႔ဟာ သဘာ၀ဓာတ္ေငြ႔တင္ပုိ႔မႈအတြက္ ဗုဒၶဟူး ေန႔မွာ သေဘာတူလက္မွတ္ေရးထုိးလုိက္ၾကပါတယ္။
အစၥေရးရဲ႔ LNG သဘာ၀ဓာတ္ေငြ႔အရည္ကုိ အီဂ်စ္ကသူ႔ရဲ႔ သဘာ၀ဓာတ္ေငြ႔စက္ရုံ၂ ခုကေနတဆင့္ ဥေရာပကုိတင္ပုိ့ေရာင္းခ်ဖုိ႔ နားလည္မႈစာခၽြန္လႊာ MOU ကုိလက္မွတ္ ေရးထုိးခဲ့ၾကတာပါ။

အီဂ်စ္ႏုိင္ငံၿမိဳ႔ေတာ္ ကုိင္ရုိမွာ က်င္းပေနတဲ့ ေျမထဲပင္လယ္ အေရွ႔ဖက္ျခမ္းေဒသ သဘာ၀ဓတ္ေငြ႔ ဆုိင္ရာညီလာခံမွာ အခုလုိသေဘာတူညီခ်က္ရရွိခဲ့တာပါ။ ဒီညီလာခံမွာ အီဂ်စ္ဟာတခုတည္းေသာ ေဒသတြင္း LNG ဓာတ္ေငြ႔အရည္ထုတ္လုပ္ ႏုိင္တဲ့ႏုိင္ငံျဖစ္ပါတယ္။ အီဂ်စ္က သဘာ၀ဓာတ္ေငြ႔ေတြကုိၿပီးခဲ့တဲ့လထဲကစတင္ၿပီး ဥေရာပကုိတင္ ပုိ႔ေနခဲ့ တယ္လုိ႔ ေလ့လာသူေတြကေျပာဆုိပါတယ္။

ဥေရာပကုိအဓိက သဘာ၀ဓာတ္ေငြ႔နဲ့ေလာင္စာဆီေတြတင္ပုိ႔ေနတဲ့ရုရွား ႏုိင္ငံက ဗုဒၶဟူးေန႔မွာဘဲ ဥေရာပကုိ သဘာ၀ဓာတ္ေငြတင္ပုိ႔မႈေတြျဖတ္ေတာက္လုိက္တယ္လုိ႔ အယ္ဂ်ာဇီးယား ရုပ္ျမင္သံၾကားကေဖၚျပပါတယ္။ ဒါဟာ အီဂ်စ္နဲ႔ EU တုိ႔သဘာ၀ဓာတ္ေငြ႔ေရာင္း၀ယ္ဖုိ႔ သေဘာတူညီခ်က္ရတဲ့အေပၚ ရုရွားအေနနဲ႔ သေဘာမက်တာကိုေဖၚျပေနတယ္လုိ႔ အကဲခတ္ေတြကေျပာဆုိပါတယ္။

အစၥေရးလ္သဘာဝဓာတ္ေငြ႕ EU ဝယ္ယူဖို႔ သေဘာတူ
please wait

No media source currently available

0:00 0:01:00 0:00
တိုက္႐ိုက္ လင့္ခ္

Unicode

အီဂျစ်၊ အစ္စရေးနဲ့ EU ဥရောပသမဂ္ဂတို့ဟာ သဘာဝဓာတ်ငွေ့တင်ပို့မှုအတွက် ဗုဒ္ဓဟူး နေ့မှာ သဘောတူလက်မှတ်ရေးထိုးလိုက်ကြပါတယ်။
အစ္စရေးရဲ့ LNG သဘာဝဓာတ်ငွေ့အရည်ကို အီဂျစ်ကသူ့ရဲ့ သဘာဝဓာတ်ငွေ့စက်ရုံ၂ ခုကနေတဆင့် ဥရောပကိုတင်ပို့ရောင်းချဖို့ နားလည်မှုစာချွန်လွှာ MOU ကိုလက်မှတ် ရေးထိုးခဲ့ကြတာပါ။

အီဂျစ်နိုင်ငံမြို့တော် ကိုင်ရိုမှာ ကျင်းပနေတဲ့ မြေထဲပင်လယ် အရှေ့ဖက်ခြမ်းဒေသ သဘာဝဓတ်ငွေ့ ဆိုင်ရာညီလာခံမှာ အခုလိုသဘောတူညီချက်ရရှိခဲ့တာပါ။ ဒီညီလာခံမှာ အီဂျစ်ဟာတခုတည်းသော ဒေသတွင်း LNG ဓာတ်ငွေ့အရည်ထုတ်လုပ် နိုင်တဲ့နိုင်ငံဖြစ်ပါတယ်။ အီဂျစ်က သဘာဝဓာတ်ငွေ့တွေကိုပြီးခဲ့တဲ့လထဲကစတင်ပြီး ဥရောပကိုတင် ပို့နေခဲ့ တယ်လို့ လေ့လာသူတွေကပြောဆိုပါတယ်။

ဥရောပကိုအဓိက သဘာဝဓာတ်ငွေ့နဲ့လောင်စာဆီတွေတင်ပို့နေတဲ့ရုရှား နိုင်ငံက ဗုဒ္ဓဟူးနေ့မှာဘဲ ဥရောပကို သဘာဝဓာတ်ငွေတင်ပို့မှုတွေဖြတ်တောက်လိုက်တယ်လို့ အယ်ဂျာဇီးယား ရုပ်မြင်သံကြားကဖေါ်ပြပါတယ်။ ဒါဟာ အီဂျစ်နဲ့ EU တို့သဘာဝဓာတ်ငွေ့ရောင်းဝယ်ဖို့ သဘောတူညီချက်ရတဲ့အပေါ် ရုရှားအနေနဲ့ သဘောမကျတာကိုဖေါ်ပြနေတယ်လို့ အကဲခတ်တွေကပြောဆိုပါတယ်။

XS
SM
MD
LG