သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းကို စစ်ဆင်ရေးတိုးမြင့်မည်ဟု အစ္စရေးဝန်ကြီးချုပ် သတိပေး


ဂါဇာကမ်းမြှောင် နယ်စပ်အနီး တပ်ဆွဲထားတဲ့ အစ္စရေး စစ်သားများ။ (နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၁၂)။
ဂါဇာကမ်းမြှောင် နယ်စပ်အနီး တပ်ဆွဲထားတဲ့ အစ္စရေး စစ်သားများ။ (နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၁၂)။
အရှေ့အလယ်ပိုင်းမှာ ဟားမတ်စ်တို့ ထိန်းချုပ်တဲ့ ဂါဇာကမ်းမြှောင်က စစ်သွေးကြွတွေကို စစ်ဆင်ရေးတွေ သိသိသာသာ တိုးမြင့်လုပ်ဆောင်သွားဖို့ အစ္စရေးက ပြင်ဆင်ထားတယ်လို့ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu က ပြောပါတယ်။ ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ စတင်ဖြစ်ပွားတာ ၅ ရက်မြောက်လာတဲ့နေ့ ဒီနေ့မှာပဲ နယ်စပ်မှာ အစ္စရေးတပ်ဖွဲ့ ထောင်ပေါင်း များစွာလည်း စုဝေးနေကြပြီးတော့ ဝန်ကြီးချုပ်ကလည်း အခုလို မှတ်ချက်ချ ပြောဆိုသွားတာပါ။

ဒီကနေ့မှာပဲ အစ္စရေးက ဂါဇာကမ်းမြှောင်မှာ သူတို့ရဲ့ ပစ်မှတ်တွေကို ပစ်ခတ်ခဲ့ပါတယ်။ ပါလက်စတိုင်းတို့ဘက်က ဆက်ပြီး ပစ်ခတ်နေတဲ့ ဒုံးကျည်တွေကို တန်ပြန်တဲ့ အနေနဲ့ လေကြောင်း၊ ရေကြောင်းကနေ အစ္စရေးဘက်က တိုက်ခိုက်နေတာမှာ အနည်းဆုံး ကလေး ၃ ဦး သေဆုံးသွားရပါတယ်။

အဲဒီအနေအထားကနေ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရဖို့ အကူအညီပေးရအောင် လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius ပဲရစ်မြို့တော် ကနေ ဂျေရူစလင်ကို ဒီကနေ့ပဲ ထွက်ခွာသွားခဲ့ပါပြီ။
XS
SM
MD
LG