သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးတပ် သင်္ဘောစီးနင်းမှု စုံစမ်းရေး ကုလအကြီးအကဲ စဉ်းစား


မစ္စတာ ဘန်ကီမွန်း။ မေ ၂၄၊ ၂၀၁၀။

ပိတ်ဆို့ခံ ဂါဇာကမ်းမြောင် ဒေသအတွက် စာနာမှု အကူအညီတွေ တင်ဆောင်လာတဲ့ ကုန်တင်ရေယာဉ်တန်းကို အစ္စရေး လက်နက်ကိုင်တပ်ဖွဲ့က စီးနင်းခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ဖြစ်နိုင်တဲ့ ဘက်ပေါင်းစုံက အတတ်နိုင်ဆုံး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ စဉ်းစားနေပြီလို့ ပြောဆိုလိုက်ပါတယ်။

တနင်္လာနေ့က မြေထဲပင်လယ်တွင်း ဂါဇာဒေသကို ဦးတည်ခုတ်မောင်းလာတဲ့ သင်္ဘော ၆ စီးအနက် ၅ စီးကို စီးနင်း ဟန့်တားခဲ့တာ ချောချောမောမော ဖြစ်ခဲ့ပေမဲ့ ၆ စီးမြောက်မှာတော့ အစ္စရေး လုံခြုံရေးတပ်ဖွဲ့ဟာ အကြမ်းဖက်သမားတွေကို ထောက်ခံနေတဲ့ အစွန်းရောက်သမားတွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်း၊ အဲဒီ ၆ စင်းမြောက် သင်္ဘောဟာ Boat of Hatred မုန်းတီးမှု အာဃာတတရားတွေ သယ်ဆောင်လာတဲ့ သင်္ဘောရယ်လို့ အစ္စရေး ၀န်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) က ပြောဆိုလိုက်ပါတယ်။

အဲဒီ ကုန်တင် ရေယာဉ်တန်းကို ဦးဆောင်လာတဲ့ တူရကီသင်္ဘောကို အစ္စရေး လုံခြုံရေးတပ်ဖွဲ့က စီးနင်းရာမှာ ပါလက်စတိုင်းအရေး လှုပ်ရှားသူ ၉ ဦး သေဆုံးခဲ့ပါတယ်။ အစ္စရေးတို့က ၃ နှစ်ကြာ ပိတ်ဆို့ထားတဲ့ ဂါဇာကမ်းမြောင်ဒေသကို ထောက်ပို့ပစ္စည်းတန်ချိန် ၁၀,၀၀၀ ပေးပို့နိုင်ဖို့ အဲဒီ သင်္ဘော ၆ စီးပါ ကုန်တင်ရေယာဉ်တန်းက ကြိုးစားခဲ့တာပါ။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက အခင်းဖြစ်ပွားပြီးနောက် မနေ့က ပထမဆုံးအကြိမ် အခုလို မှတ်ချက်ချလိုက်ပြီး နာရီအနည်းငယ် အတွင်းမှာပဲ ဒဏ်ရာရခဲ့တဲ့ တူရကီနိုင်ငံသား လှုပ်ရှားသူတွေကို အစ္စရေးကနေ တူရကီနိုင်ငံကို လေယာဉ်နဲ့ ပြန်ခေါ်ဆောင်ဖို့ တူရကီနိုင်ငံက စတင်ဆောင်ရွက်နေပါပြီ။

ဒဏ်ရာရထားတဲ့ တူရကီနိုင်ငံသား တဦးနဲ့ အိုင်ယာလန်နိုင်ငံသား တဦးကို လူနာတင်လေယာဉ်နဲ့ သယ်ဆောင်ခဲ့ပြီး Ankara မြို့ လေတပ်စခန်းကို ဗုဒ္ဒဟူးနေ့ညက ဆိုက်ရောက်ခဲ့ပါတယ်။ တခြား ရာနဲ့ချီတဲ့ ပါလက်စတိုင်းအရေး လှုပ်ရှားသူတွေဟာလည်း အစ္စရေးနိုင်ငံ Ben-Gurion လေဆိပ်မှာ ဌာနေပြန်ကြဖို့ အဆင်သင့် စောင့်နေကြပါတယ်။

XS
SM
MD
LG