သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ်နဲ့ Hamas အပစ်ရပ်ဆွေးနွေးပွဲ ပျက်သုဉ်း


ဂါဇာဒေသမှာ အစ္စရေးလ်တို့ရဲ့ Missile ဒုံးလက်နက်နဲ့ တိုက်ခိုက်မှုတခုကြောင့် အမျိုးသမီး ၁ ယောက်နဲ့ ၂ နှစ်အရွယ် မိန်းကလေးငယ်တယောက် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း အာဏာပိုင်တွေက ပြောပါတယ်။ အစ္စရေးလ်နဲ့ ပါလက်စတိုင်းကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ ပျက်ပြားသွားခဲ့ပြီးနောက်မှာ ပထမဆုံး သေဆုံးမှုလည်း ဖြစ်ပါတယ်။

အင်္ဂါနေ့ ဒေသစံတော်ချိန် ည ၁၂ နာရီမှာ သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲမှု ကုန်ဆုံးခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီအချိန် မရောက်ခင် နာရီပိုင်းအလိုမှာ ဂါဇာဘက်ကနေ စစ်သွေးကြွတွေက Rocket ဒုံးလက်နက်တွေနဲ့ အစ္စရေးလ်တောင်ပိုင်းကို ပစ်ခတ်ခဲ့ပါတယ်။

အစ္စရေးလ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုနဲ့ တုံ့ပြန်ခဲ့သလို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေကြတဲ့ ညှိနှိုင်းရေးမှူးတွေကို ပြန်လာခဲ့ဖို့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က အမိန့်ပေးခဲ့ပါတယ်။

ဂါဇာနယ်စပ်နဲ့ ၂၅ မိုင်လောက်မှာရှိတဲ့ ဗုံးခိုကျင်းတွေကို ပြန်ဖွင့်ဖို့ အစ္စရေးလ်စစ်တပ်က အမိန့်ပေးခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူထားချိန် မကုန်ခင် Rocket ဒုံးလက်နက်တွေ ပစ်ခတ်ခဲ့တာ သူတို့ မဟုတ်ဘူးလို့ Hamas အဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

XS
SM
MD
LG