သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအရေး လုံခြုံရေးကောင်စီ ရပ်တည်ချက် အမေရိကန် ထောက်ခံ

ဂါဇာကမ်းမြောင်ဒေသ အတွက် အကူအညီပစ္စည်းတွေ သယ်ဆောင်သွားတဲ့ သင်္ဘောတွေကို တက်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် အစ္စရေးကို အပြစ်တင်ဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရက ငြင်းဆိုလိုက်ပါတယ်။

အသက်ဆုံးပါးသွားတာတွေ ရှိတဲ့အတွက် ဒီဖြစ်ရပ်အပေါ် ရှုတ်ချထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ကြေညာချက်ကိုပဲ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရောဘတ် ဂစ်ဘ် (Robert Gibbs) က ထပ်ခါတလဲ ညွှန်းဆို ပြောကြားသွားပါတယ်။

ဘက်မလိုက်ဘဲ ထင်သာမြင်သာရှိရှိ စုံစမ်းစစ်ဆေးဖို့ လုံခြုံရေးကောင်စီက တောင်းဆိုထားတာကိုလည်း ဂစ်ဘ်က ထောက်ခံ ပြောသွားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း အင်္ဂါနေ့က ဒီအတိုင်း ရပ်တည်ခဲ့ပြီး ပါဝင်ပတ်သက်နေသူတွေ အားလုံးအနေနဲ့ ချုပ်ချုပ်တီးတီး ဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။

အဲဒီလို စီးနင်းတိုက်ခိုက်ရာမှာ တူရကီလူမျိုး ၄ ယောက် သေဆုံးသွားခဲ့ပြီးတဲ့နောက် အစ္စရေးကို နိုင်ငံတကာက ဆန့်ကျင်ရာမှာ တူရကီနိုင်ငံက ဦးဆောင်နေပါတယ်။

သွေးမြေကျ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် အစ္စရေးကို အပြစ်ပေးသင့်တယ်လို့ တူရကီ ဝန်ကြီးချုပ် ရီဆက်ပ် တေရစ်ပ် အာဒိုဂန် (Recep Tayyip Erdogan) က အင်္ဂါနေ့မှာ ပြောပါတယ်။

This item is part of
XS
SM
MD
LG